Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိစာသင်တိုက် လေးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ မင်္ဂလာအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိစာသင်တိုက် လေးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ မင်္ဂလာအခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိစာသင်တိုက်၊ လေးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ဧပြီလ ၂၆ ရက်​နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိစာသင်တိုက်၊ လေးထပ်ကျောင်းဆောင်ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊  အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇိနရံသီပရိယတ္တိစာသင်တိုက် ဦးစီးပဓါန နာယက ဆရာတော် ဘန္ဒန္တ နန္ဒန ထံမှ ငါးပါးသီလခံယူခဲ့ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသ​ရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပြီး ဆရာ​တော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဇိနရံသီပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပယ်​တော်မူ​​သော ကျွန်းနက် ဗုဒ္ဓရုပ်ပွား​တော်မြတ်များအား ဖူး​မျှော်ကြည်ညိုကြခဲ့ကြပြီး ပင့်သံဃာ​၊ ဆရာ​တော်ကြီးများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက်သီမွန်ကျောင်းဆရာတော် နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဘဒ္ဒန္တ ဝေပုလ္လ ဆရာ​တော်ကြီးနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ မဟာရင်ကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာ​တော် ဘဒ္ဒန္တ သီလတေဇ ဆရာ​တော်ကြီးတို့အား ​ဖူး​​မျှော်ကြည်ညိုခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်း​နောက် ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များက ဦးစီးအမှူးပြု၍ အလှူရှင်များမှ ဇိနရံသီပရိယတ္တိစာသင်တိုက်၊ လေးထပ်ကျောင်းဆောင်သစ်၏ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုခဲ့ကြပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြ​ကြောင်း သိရှိရသည်။

You may also like