Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​ပေါင်မြို့နယ်၊ မုတ္တမ၊ သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ်ကြီး၏ စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်ပွဲ၊ ရေစက်ချအလှူ​တော်မင်္ဂလာပွဲ၊ သံဃာ​တော် (၁၈၀) ပါးတို့အား ဆွမ်း ဆန်စိမ်းများလောင်းလှူပွဲ အလှူ​တော်မင်္ဂလာ အခမ်းအနား တက်​ရောက်၊ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေတို့အတွက် လိုအပ်သည့် ​ရေများရရှိ​ရေး နည်းလမ်းများမှရှာဖွေဆောင်ရွက်၍ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့်  မြစ်ကြီးများမှရေများကို အသုံးချနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​ပေါင်မြို့နယ်၊ မုတ္တမ၊ သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ်ကြီး၏ စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်ပွဲ၊ ရေစက်ချအလှူ​တော်မင်္ဂလာပွဲ၊ သံဃာ​တော် (၁၈၀) ပါးတို့အား ဆွမ်း ဆန်စိမ်းများလောင်းလှူပွဲ အလှူ​တော်မင်္ဂလာ အခမ်းအနား တက်​ရောက်၊ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေတို့အတွက် လိုအပ်သည့် ​ရေများရရှိ​ရေး နည်းလမ်းများမှရှာဖွေဆောင်ရွက်၍ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့်  မြစ်ကြီးများမှရေများကို အသုံးချနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၇
မွန်ပြည်နယ်အတွင်း တန်ခိုးကြီး ဘု​ရား​စေတီပုထိုးများစွာ တည်ရှိသည့်အနက်မှ ပေါင်မြို့နယ်၊ မုတ္တမ၊ မြင်းတပ်ရပ်တွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန  သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူဇာ်ပွဲ၊ ရေစက်ချအလှူ​တော်မင်္ဂလာပွဲနှင့် သံဃာ​တော် (၁၈၀) ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အလှူ​တော်မင်္ဂလာအခမ်းအနားကို ဧပြီလ ၂၇ ရက်​နေ့၊ နံနက်ပိုင်းက စေတီ​တော်မြတ်ကြီး၏ ရင်ပြင်​တော်​ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။
​ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က စေတီ​တော်​ပေါ်သို့ တင်လှူပူ​ဇော်မည့် စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား ဆရာ​တော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား စေတီ​တော် လက်ယာရစ် သုံးပတ်လှည့်လည် ပင့်​ဆောင်ပူ​ဇော်ခဲ့ကြသည်။
ဆက်လက်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား စေတီ​တော်မြတ်ကြီး​ပေါ်သို့ ပင့်​ဆောင်၍ ဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြုကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား တင်လှူပူ​ဇော်ခဲ့ကြသည်။
ထို့​နောက် သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူဇာ်ခြင်း ​ရေစက်ချအလှူ​တော်မင်္ဂလာပွဲ အခမ်းအနားကို စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်းတိုက်၏  ဦးစီးပဓာနနာယက မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ​ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များက သံဃာ​တော် (၁၈၀) ပါးတို့အား ဆွမ်း ဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေ တို့အတွက် လိုအပ်သည့် ​ရေများရရှိ​ရေး နည်းလမ်းများမှရှာဖွေဆောင်ရွက်၍ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့်  မြစ်ကြီးများမှ ရေများကိုအသုံးချနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေ၊ သောက်သုံးရေ လုံလောက်စွာရရှိရေး ဦးစား​ပေးကဏ္ဍအ​နေဖြင့် အထူးအ​လေး​ပေး ဆောင်ရွက်​လျက်ရှိပါ​ကြောင်း၊ ရေသည်အလွန် အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး ရေရှည်သုံးစွဲသွားကြရမည် ဖြစ်သည့်အတွက် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်း အသုံးပြုသွားကြရမည်ဖြစ်​ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် မိုးရွာသွန်းမှုများသော်လည်း မိုးရေများသည် မြစ်ချောင်းများအတွင်း လျင်မြန်စွာ စီးဆင်းသွားခြင်းကြောင့် နွေရာသီတွင် ရေရှားပါးမှုများကို  မြို့နယ်အချို့များမှာ ကြုံတွေ့နေရသည့်အတွက် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ မြေသားကန်၊ စိမ့်စမ်းနှင့် ​အခြား ရေရရှိ​ရေး လုပ်ငန်းများ ​ဆောင်ရွက်ခြင်း၊ မြစ်ရေတင်၊ ဆည်​ရေတင်၊ စိမ့်စမ်းနှင့် တွင်း​ရေတင်အမျိုးအစားများဖြင့် စိုက်ပျိုး​ရေနှင့် သောက်သုံးရေ ဖူလုံစွာရရှိ​စေ​ရေး   ​ရေအရင်းအမြစ်များ ရှာ​ဖွေ​​ဖော်​ဆောင်​ပေးခဲ့​ကြောင်း၊ မိုးစပါး၊ ​​နွေစပါးနှင့် ​ဆောင်းသီးနှံ ​နေကြာ ဆီထွက်သီးနှံများအား လျာထားချက်အတိုင်း ​အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်း၊ တာတမံ၊ မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေများအား လုံ​လောက်စွာ ရရှိရေးအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်​ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် စိုက်ပျိုး​ရေနှင့် သောက်သုံးရေ ဖူလုံစွာရရှိ​စေ​ရေး ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ပြီး  အ​ကောင်အထည်​ဖော် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည့်ရေများအား နည်းလမ်း​ပေါင်းစုံမှ ရရှိနိုင်​ရေးအတွက် ဝိုင်းဝန်း​အကြံပြုဆွေး​နွေး​ပေးကြ​ရန်ဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
အဲဒီ​နောက် အစည်းအ​ဝေးသို့ တက်​ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေ တို့အတွက် လိုအပ်သည့် ​ရေများရရှိ​ရေး နည်းလမ်းများမှ ရှိနိုင်​ရေးနှင့် မြစ်ကြီးများမှ ရေများကို အသုံးချနိုင်ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့်ပတ်သက်၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

You may also like