Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၈
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ဧပြီလ ၂၈ ရက်​နေ့ ၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွား​ရေးအရ အချက်အခြာကျသည့် ​နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်​ခေါ်၍  ​ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ​ ဆောင်ရွက်နိုင်​ရေးကို အထူးအ​လေးထား​ဆောင်ရွက်​လျက်ရှိ​ပါကြောင်း၊ ​ပြည်နယ်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလို ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံသူများ ပါဝင်​သည့် စီးပွား​ရေးအ​ခြေခံကောင်းများ တည်​ဆောက်​နိုင်​ရေး ​ဆောင်ရွက်ကြရမည် ဖြစ်​ကြောင်း၊ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  (၅၄) ခု၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၃၇) ခုရှိသည့်အတွက်​ ​ဒေသ​နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း​ကောင်းများ များစွာဖန်တီး​ပေးနိုင်ခဲ့​ကြောင်း၊ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည့်အတွက် အဆိုပါလုပ်ငန်းတွေမှာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ခံစားရရှိနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ပါဝင်စား၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ကြစေ​ရေး ​ဆောင်ရွက်ကြ​ပေးရန်​ လို​ကြောင်း၊ ကော်မတီအ​နေဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်​နေခြင်း၊ ​နှေင့်နှေးကြန့်ကြာ​နေခြင်း၊ ပြန်လည်ထွက်ခွါခြင်းများ မဖြစ်​ပေါ်​စေ​ရန်၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိ​စေရန်နှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် အလားလာ​​ကောင်းများရှိလာ​​စေ​ရေး ကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား​ပြောကြားသည်၊၊
အဲဒီ​နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း​အောင်မှ မွန်ပြည်နယ်အတွင်း ​ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာ​ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအား လည်း​ကောင်း၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်များဆိုင်ရာ ခွင့်ပြုချက်​တောင်းခံထားသည့်သည့်  ကိစ္စရပ်များအား လည်း​ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ​ကော်မတီဝင်များမှ ဖြည့်စွက်ဆွေး​နွေး တင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်​ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

You may also like