Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​မော်လမြိုင်မြို့၊ ကျိုက်သလ္လံ​စေတီ​တော်မြတ်ကြီးတွင် စု​ပေါင်းသန့်ရှင်း​ရေး ကုသိုလ်ယူ ​ဆောင်ရွက်​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေး၊ သံဖြူဇရပ်မြို့၊ ရာမညနိကာယ ဟံသာထောကျောင်းတိုက် သာသနာ့အဆောက်အအုံ ကျောင်းရေစက်ချပွဲနှင့် ဆရာ​တော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာပွဲ ပူ​ဇော်၊ သန္တိသုခ​ကျောင်းတိုက် ဆရာ​တော်အား ဖူး​မြော်၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၊ မုဒုံမြို့၊ အသောကာရာမ ပရိပတ္တိ​ကျောင်းတိုက် ဆရာ​တော်ကြီးမှ နိုင်ငံ​တော်အတွက် ကျောက်မြတ်ရတနာပစ္စည်းများ ​ပေးအပ်လှူဒါန်း၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​မော်လမြိုင်မြို့၊ ကျိုက်သလ္လံ​စေတီ​တော်မြတ်ကြီးတွင် စု​ပေါင်းသန့်ရှင်း​ရေး ကုသိုလ်ယူ ​ဆောင်ရွက်​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေး၊ သံဖြူဇရပ်မြို့၊ ရာမညနိကာယ ဟံသာထောကျောင်းတိုက် သာသနာ့အဆောက်အအုံ ကျောင်းရေစက်ချပွဲနှင့် ဆရာ​တော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာပွဲ ပူ​ဇော်၊ သန္တိသုခ​ကျောင်းတိုက် ဆရာ​တော်အား ဖူး​မြော်၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၊ မုဒုံမြို့၊ အသောကာရာမ ပရိပတ္တိ​ကျောင်းတိုက် ဆရာ​တော်ကြီးမှ နိုင်ငံ​တော်အတွက် ကျောက်မြတ်ရတနာပစ္စည်းများ ​ပေးအပ်လှူဒါန်း၊

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၉
မွန်ပြည်နယ်အတွင်း ဘုရား၊ ​စေတီပုထိုးများတွင် ဘုရားဖူးလာ အများပြည်သူများ သပ္ပါယ်ကြည်ညိုစွာနှင့် စိတ်​အေးချမ်း​မြေ့စွာ ဖူး​​မြော်နိုင်​ရေးအတွက် စု​ပေါင်းသန့်ရှင်း​ရေး ကုသိုလ်ယူ ​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဧပြီလ ၂၉ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျက်သ​ရေ​ဆောင် ကျိုက်သလ္လံ​စေတီ​တော်မြတ်ကြီး အ​ရှေ့ဘက်မုဒ်တွင်   ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အများပြည်သူများက ​ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ ​ဆောင်ရွက်​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ ​စေတီ၊ ပုထိုးများ၏ ပရိဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာလှပ​စေ​ရေး၊ စိမ်းလန်းစို​ပြေ​စေ​ရေး ​ဆောင်ရွက်​ပေးကြရန်နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ အဆင်​ပြေ​ချော​မွေ့စွာနှင့်  စိတ်​အေးချမ်းသာစွာ ဘုရားဖူး​မြော်နိုင်​ရေး ဝိုင်းဝန်း ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ ​စေတီပုထိုးများတွင် စု​ပေါင်းသန့်ရှင်း​ရေး ကုသိုလ်ယူ ​ဆောင်ရွက်​ခြင်း၊ ရပ်ကွက်၊ ​ကျေးရွာများတွင် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်
အ​ခြေခံပညာ စာသင်​ကျောင်းများတွင် ​ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ​ဆောင်ရွက်​​လျက်ရှိ​ကြောင်း သိရှိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ ရာမညနိကာယ ဟံသာ​ထောကျောင်းတိုက် သာသနာ့အဆောက်အအုံ ကျောင်းရေစက်ချ အလှူတော်မင်္ဂလာပွဲ နှင့် ဆရာတော် ဘဒ္ဒန္တသီလဝန္တ မဟာထေရ်မြတ်၏ ဝိဇာတမွေးနေ့ မင်္ဂလာပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ရာမညနိကာယ ဟံသာ​ထောကျောင်းတိုက် ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင် ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ သံဖြူဇရပ်မြို့၊ ရာမညနိကာယ ဟံသာ​ထောကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဘဒ္ဒန္တသီလဝန္တ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူခဲ့ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်​တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ​တော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် သံဖြူဇရပ်မြို့၊ သန္တိသုခ​ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ အရှင်သူမြတ်ကို ဖူး​မျော်ကြည်ညို၍ သာသ​နာရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ကျောင်းတိုက်ကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
အဲဒီ​ကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယ​နေ့နံနက််ပိုင်းက မုဒုံမြို့၊ အသောကာရာမ ပရိပတ္တိ​ကျောင်းတိုက်သို့ ​ရောက်ရှိခဲ့ကြပြီး ​အသောကာရာမ ပရိယတ္တိစာသင်တိုက်​ကြီး၏ ဦးစီးပဓါန နာယကဆရာတော်  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ  အရှင်မင်္ဂလာဘိဝံသကို ဖူး​​မြော်ကြည်ညိုခဲ့ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသ​နာရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးမှ နှစ်ရှည်လများ ထိန်းသိမ်းလာခဲ့​သော ​အဖိုးတန်ကျောက်မြတ်ရတနာ ပစ္စည်းများအား ဘာသာ​ရေး၊ သာသနာ​ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်​စေရန် ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။

You may also like