Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်း သွေးလှူဒါန်းခြင်းအ​ပေါ် အား​ပေး၊ အမှတ်(၅) တပ်မတော် စစ်ဆေးရုံ၊ ကုတင်(၃၀၀)တွင် ကျန်းမာ​ရေး ကုသ​စောင့်​ရှောက်မှု​ပေး​နေခြင်းအား ကြည့်ရှုအားပေး၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်း သွေးလှူဒါန်းခြင်းအ​ပေါ် အား​ပေး၊ အမှတ်(၅) တပ်မတော် စစ်ဆေးရုံ၊ ကုတင်(၃၀၀)တွင် ကျန်းမာ​ရေး ကုသ​စောင့်​ရှောက်မှု​ပေး​နေခြင်းအား ကြည့်ရှုအားပေး၊

by Mon Editor

မော်လမြိုင်၊ ​မေ ၁
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေလ ၁ ရက်​နေ့၊ နံနက်ပိုင်းက၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများသည် ​မော်လမြိုင်မြို့၊ အမှတ်(၅) တပ်မတော် စစ်ဆေးရုံ၊ ကုတင်(၃၀၀)၊ ဓါတ်မှန်ဌာန၌ တပ်မ​တော်​ စစ်​ဆေးရုံမှ တာဝန်ရှိသူများမှ ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်​​ပေးခြင်းဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်း​ခြင်းအ​ပေါ်ကြည့်ရှုအား​ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက စု​ပေါင်း​သွေးလှူဒါန်းခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ၊ ​ထောက်ပံ့​ငွေများ အသီးသီး ​ထောက်ပံ့​ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး အား​ပေးစကား​ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှတ်(၅) တပ်မတော် စစ်ဆေးရုံ၊ ကုတင်(၃၀၀)တွင် ကျန်းမာ​ရေး ကုသ​စောင့်​ရှောက်မှုလုပ်ငန်းများ ​ဆောင်ရွက်​ပေး​နေခြင်းအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံတွင် တက်​ရောက်​ ဆေးကုသမှု ခံယူလျက်ရှိသည့် ရောဂါ​ဝေဒနာရှင်များအား  လိုက်လံ အား​ပေးစကား​ပြောကြားကာ ​ထောက်ပံ့​ငွေများ ​ပေးအပ်၍ ဆေးရုံအတွက် လိုအပ်သည်များအား ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။ 
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ကျန်းမာ​ရေး​စောင့်​ရှောက်မှု​များ ​အရည်အသွေး ပြည့်မီစွာ ရရှိနိုင်​ရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။

You may also like