Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၃
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့၊ ​တောင်ရိုးတန်းရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနားကို ​မေလ ၃ ရက်​နေ့၊ နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိန်းဝပ်စံပါယ်​တော်မူရာ ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်၀န်ကြီးများ၊ တာဝန်ရှိသူများတက်​ရောက်သည်။
​ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား ဖူး​​မြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများကပ်လှူပူ​ဇော်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့်ပူ​ဇော်ခဲ့ကြသည်။
အဲဒီ​နောက် မဟာဗောဓိညောင်ပင်၌ ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲ အခမ်းအနားကို မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊ အနောက်ဘက်မုဒ်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် မဟာဗောဓိပင် အရပ်​လေးမျက်နှာတွင် နေရာယူခဲ့ကြပြီး နမောတဿ သုံးကြိမ်ဘုရား ကန်တော့ဖွင့်လှစ်ပြီး ဝတ်အသင်းအဖွဲ့များက နဂါး၊ ဂဠုန်၊နတ်၊ ဗြဟ္မာ၊အပေါင်း တို့အား ညောင်ရေသွန်းလောင်း ကြွေးကြော်သံ ဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရေများ ပက်ဖြန်းပူဇော် ညောင်ရေသွန်းလောင်းခဲ့ကြကာ ဆုတောင်းပတ္တနာပြု ကဗျာများ ရွတ်ဆို ပူဇော်ခြင်း၊ ဇယန္တော ဗောဓိယာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ခြင်းတို့ ​ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆု​တောင်း ရုပ်သိမ်းခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ​မော်လမြိုင်မြို့၊ သမိုင်းဝင် (လေးကျွန်းသစ္စာရှင်) နဂါးမောက် စေတီတော်မြတ်ကြီးသို့​ရောက်ရှိခဲ့ကြပြီး စေတီတော်မြတ်ကြီးကို ဖူး​​မြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများကပ်လှူပူ​ဇော်ခဲ့ကြသည်။
အဲဒီ​နောက် ဆရာ​တော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများမှ ​​စေတီ​တော်မြတ်ကြီး၊ ရင်ပြင်​တော်​ပေါ်ရှိ မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရေများ ပက်ဖြန်းပူဇော် ညောင်ရေသွန်းလောင်းခဲ့ကြပြီး ဇယန္တော ဗောဓိယာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နဂါးမောက် စေတီတော်မြတ်ကြီးရင်ပြင်​တော်တွင် ​နေ့စဉ် ပုံမှန်  စတုဒီသာကျွေးမွေးခြင်းဖြင့် ဘုရားဖူးလာ အများပြည်သူများ စည်ကားသိုက်မြိုက်​နေမှုအ​ပေါ်  ကြည်နူးဝမ်း​မြောက် သဒ္ဓါကုသိုလ်ယူခဲ့ကြသည်။
မွန်ပြည်နယ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်၌ ကျင်းပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော်(၃၁၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

You may also like