Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း ဖွင့်လှစ်ပို့ချ​နေမှု ကြည့်ရှုအား​ပေး၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဂုဏ်ပြု​နေ့လယ်စာ အတူတကွသုံး​ဆောင်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ​​မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း ဖွင့်လှစ်ပို့ချ​နေမှု ကြည့်ရှုအား​ပေး၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဂုဏ်ပြု​နေ့လယ်စာ အတူတကွသုံး​ဆောင်

by Mon Editor

မော်လမြိုင်၊ ​မေ ၄
တပ်မ​တော် ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ တပ်မ​တော် ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)သင်တန်းများအား ဖွင့်လှစ်ပို့ချ​လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများသည် ဧပြီလ ၄ ရက်​​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ ​ရွှေနတ်​တောင်​ ရေ​လှောင်တမံသို့​ ရောက်ရှိခဲ့ကြပြီး မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)၌ ရေ​ကြောင်းဆိုင်ရာ ဘာသာရပ်များအား လက်တွေ့ ဖွင့်လှစ်ပို့ချ​နေမှု အ​ခြေအ​နေများအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းရှိ တာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြများ​တွေ့ဆုံ၍ သင်တန်းလိုအပ်ချက်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
အဲဒီ​နောက် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများကို အား​ပေးဂုဏ်ပြုလို​သောအားဖြင့် ဂုဏ်ပြု​နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းကို ယ​နေ့​၊ နေ့လယ်ပိုင်းက ​မော်လမြိုင်မြို့၊ ​မောရဝတီ​ရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၆) စစ်​ရေယာဉ်စု အကူ​ရေယာဉ်အုပ် (မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီး​ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသူ၊ သင်တန်းသားများနှင့် ဂုဏ်ပြု​နေ့လယ်စာအား  အတူတကွသုံး​ဆောင်ကြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းသို့ တက်​ရောက်လျက်ရှိကြသည့် သင်တန်းသူ၊ သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား​ပေးခဲ့ကြကာ သင်တန်းဆောင်များနှင့် အိပ်​ဆောင်များအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

You may also like