Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အ​ခြေခံပညာ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ မော်လမြိုင်မြို့ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲ အခမ်းအနား၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း) (၁၀)မြို့နယ် စုပေါင်းသင်တန်းဖွင့်ပွဲ အခမ်းအနား၊ (၁၆၀)ကြိမ်မြောက် ဆုတောင်းပြည့် ဆရီမဟာစူဠာမဏိ ဟိန္ဒူဘာသာ​ရေးပွဲတော်သို့ တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အ​ခြေခံပညာ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ မော်လမြိုင်မြို့ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲ အခမ်းအနား၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း) (၁၀)မြို့နယ် စုပေါင်းသင်တန်းဖွင့်ပွဲ အခမ်းအနား၊ (၁၆၀)ကြိမ်မြောက် ဆုတောင်းပြည့် ဆရီမဟာစူဠာမဏိ ဟိန္ဒူဘာသာ​ရေးပွဲတော်သို့ တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၆
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ​ဥပဓိရုပ် ​ကောင်းမွန်​စေ​​ရေး၊  ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေး အ​လေးထား​ ဆောင်ရွက်​လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ​မေလ ၆ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ အမှတ်(၅) အ​ခြေခံပညာ အလယ်တန်း​ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မ​တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်​နေပြည်သူများက စာသင်​ကျောင်း စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်း သာယာလှ​ပ​​စေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအ​ပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိ​​ပြီး စိမ်းလန်းစို​​ပြေ၍ သန့်ရှင်း​သာယာလှပမှုရှိစေ​ရန်၊ ​ကျောင်းအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ​ကျောင်းတာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ ​​ကျောင်း၏ လိုအပ်ချက်များအား ​ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး၊ ရင်ပြင်​တော်၊ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ​ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ​စေတီ​တော်မြတ်ကြီးကို ဖူး​မြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများ ကပ်လှူပူ​ဇော်ခဲ့ကြသည်။
ထို့​နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်း တိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝိမလ ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ပိဋကတ်တိုက်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ ပရိယတ္တိပထမကျော်နှင့် ဓမ္မာစရိယ ငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ​တော်ကြီးများထံ ပဋ္ဌာန်းကျမ်းစာအုပ်၊  ပဋ္ဌာန်းရေအိုးများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ​ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီ​နောက် ဆရာတော် သံဃာတော်အရှင်သူမြတတ်များမှ ဦးဆောင်၍ ပရိတ်သတ်အားလုံးမှ ပဋ္ဌာန်း ပစ္စယု​ဒ္ဒေသ ပါဠိတော်ကို သုံးကြိမ် သံပြိုင် ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန် တိုက်တွန်းလွှာ ဂါထာကို  ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခြင်းတို့ဖြင့် အခမ်းအနားကို ရုပ်သိိမ်းခဲ့ကြသည်။
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း) (၁၀)မြို့နယ် စုပေါင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်​ရောက်၍  အခမ်းအနားတွင် တေးသံရှင်များမှ ဂုဏ်ပြု​တေးသီချင်းများ၊ အကအလှများဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘာသာ၊ သာသနာရေးဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာများ၊ ဓလေ့ထုံးစံ ထိန်းသိမ်း​ရေးဆိုင်ရာများဆောင်ရွက်လျက်ရှိတဲ့အနက် ဗုဒ္ဓဝင်နှင့် (၃၈) ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ခြင်းလုပ်ငန်းကို အလေးထား၊ ဦးစားပေး ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊
မြို့နယ်အသီးသီးတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကြီးမှူးပြီး သားငယ်၊ သမီးငယ်များအတွက် မြတ်ဗုဒ္ဓမိန့်ဆို ဟောကြားခဲ့တဲ့(  ၃၈) ဖြာမင်္ဂလာတရားတော်များကို ယဉ်ကျေးလိမ္မာ သင်တန်းများအဖြစ် တစ်ပြိုင်နက် ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည် ဖြစ်​ကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ နှစ်စဉ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စာမေးပွဲများ ကျင်းပပေးခြင်း၊ ထူးချွန်သူများ၊ အထူးအောင်သူများ၊ ရိုးရိုးအောင်သူများကို  ဆုများ ချီးမြှင့်ပေးခြင်းဖြင့် အား​ပေးချီးမြှောက်လျက်ရှိသည့်အတွက် အထူးပင်ဝမ်း​မြောက်ဂုဏ်ယူမိပါ​ကြောင်း၊  နှစ်စဉ် မင်္ဂလာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသင်းရဲ့ လုပ်ငန်းများ အဆင်ပြေ စွာဆောင်ရွက်နိုင်ရေး အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း၊ (၃၈)ဖြာမင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းသို့ တက်​ရောက်ကြမည့် သားငယ်၊ အမီးငယ်​လေးများအ​နေဖြင့် ယခုလိုငယ်ရွယ်စဉ်ကာလမှာ လိမ္မာ ရေးခြားရှိပြီး အသိပညာကြွယ်ဝရန်၊ အမျိုး ဘာသာ၊ သာသနာကို ကာကွယ်နိုင်တဲ့အသိအမြင်ရှိရန်နှင့် လူ့လောကအလယ်မှာ ကျင်လည်စဉ် လိုက်နာရမယ့်ကျင့်ဝတ်များ နားလည်တတ်မြောက်ထားရန် အထူးလိုအပ်ပြီး တန်ဘိုးရှိသည့် အသိပညာများရရှိရေး အထူးကြိုးစားသင်ယူမှတ်သားကြရန် မှာကြားလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YM BA)  ဥက္ကဋ္ဌ ဦးကြည်သိန်းက ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်းမှ သင်တန်းများဖွင့်လှစ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဒုတိယအကြိမ် (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာစာမေးပွဲ၌ အငယ်တန်း၊အလတ်တန်း၊ အကြီးတန်း ထူးချွန်သည့် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ချီးမြှင့် ခဲ့ကြသည်။
ထို့​နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းမှ (၃၈)ဖြာ မင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ မှ လှူဒါန်းငွေ ကျပ်သိန်း(၁၁၀)အား ပေးအပ်လှူဒါန်းခဲ့ပြီး၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YM BA)မှ ၂ဝ၂၂ခုနှစ်၊ အခြေခံ ပညာ ဒဿမတန်းတွင် မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသား၊ ​ကျောင်းသူ (၃၃၀) ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်း​ကောင်း၊ မွန်ပြည်နယ် (၁၀)မြို့နယ်၌ ဖွင့်လှစ်မည့် (၃၈)ဖြာမင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းများအတွက် သင်တန်းသားကိုင်ပုံနှိပ်စာအုပ်များအား လည်း​ကောင်း ​ပေးအပ်ခဲ့ကြကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာလုပ်ငန်းများအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က မော်လမြိုင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ သားငယ်သမီးငယ်များမှ (၃၈)ဖြာမင်္ဂလာ တေးကဗျာ သရုပ်ဖေါ်ဖြင့် ​ဖျော်​ဖြေခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ ဆုတောင်းပြည့် ဆရီမဟာစူဠာမဏိ ဘုရားကျောင်း၌ ပြုလုပ်ကျင်းပသည့် (၁၆၀)ကြိမ်မြောက် ဆုတောင်းပြည့် ဆရီမဟာစူဠာမဏိ ဟိန္ဒူဘာသာ​ရေးပွဲတော်သို့ တက်​ရောက်ခဲ့ကြပြီး ဟိန္ဒူဘာသာရေးထုံးစံအရ အဓိဌာန်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုရွတ်ဖက် ဆုတောင်းပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆရီမဟာစူဠာမဏိ ဘုရားကျောင်းအတွက် အလှူ​ငွေများ ​ပေးအပ်လှူဒါန်းခဲ့သည်။

You may also like