Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ နတ်မှော်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ နတ်မှော်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ နတ်မှော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာ​တော် သက်တော်(၈၈) နှစ်၊ သိက္ခါတော်(၆၈) ရှိနိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ​ကျေးဇူး​တော်ရှင် ဘဒ္ဒန္တသုမနာဘိဝံသမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကို ​မေလ ၇ က်​နေ့၊ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ နတ်မှော်ကျောင်းတိုက် ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊  ဒါယကာ၊ ဒါယိကာမများ၊ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို သဗ္ဗေသင်္ခါရာအနိစ္စာ အစရှိသော သုံးဂါထာတို့ကိုရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတုလရန်အောင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်ထံမှ သီလ​​တော်မြတ်များ ခံယူ​ဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဝန်ကြီးဌာနမှ လှူဒါန်းသော ဘွဲ့တော်ပါ စိန်ကုတ္တိပါအား ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အ​ပေါ်သို့ လွှမ်းခြုံပူဇော်ခဲ့ပြီး အလှူ​ငွေများ​ပေးအပ်လှူဒါန်းခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ​တော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာ​တော်၊ သံဃာ​တော်အရှင်မြတ်များမှ ဆရာတော်ကြီး၏ အတုယူဖွယ်ရာ ကြည်ညိုဖွယ်ရာ ဂုဏ်ပြုဖွယ်ရာ ထေရုပ္ပတ္တိအကျဉ်းချုပ် ဖတ်ကြားခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပေးပို့သော သံ​ဝေဂဉာဏ်ပွားများ​ကြောင်း သဝဏ်လွှာ ဖတ်ကြားခြင်း၊ ပစ္ဆိမဝန္ဒနာဂါထာကို ဖတ်ကြားခြင်းနှင့် အစ္စယောမံဘန္တေစသော တောင်းပန်ကန်တော့လွှာဖြင့် တောင်းပန်ကန်တော့ခြင်းတို့​ ဆောင်ရွက်ခဲ့ကြသည်။
အဲဒီ​နောက် ​မော်လမြိုင်မြို့၊ အောင်​​​မေတ္တာ​ကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသထံမှ ဓမ္မသံဝေဂ တရားတော် နာကြား၍ ​ရေသွန်းချအမျှ​ပေး​ဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ​တော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိဗ္ဗာန်ယာဥ်​တော်ပေါ်သို့ ပင့်​ဆောင်ခဲ့ပူ​ဇော်ခဲ့ကြပြီး အခမ်းအနားကို အနိစ္စာဝတသင်္ခါရာ အစရှိသော သုံးဂါထာတို့ဖြင့် ရုပ်သိမ်းခဲ့သည်။

You may also like