Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)၊  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)၊  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၊  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ​မေလ ၈ ရက်နေ့ ၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာ​ကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် ကဏ္ဍစုံ၊ ဘက်​ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးငယ်​လေးများ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မာလာ​စေ​​ရေး အိမ်တွင်းမှု သက်​မွေးပညာရပ်များကို ​လေ့ကျင့်သင်ကြား​ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်​မွေးဝမ်း​ကျောင်း ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းများ ဖန်တီးနိုင်​ရေး ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ အမျိုးသမီးငယ်များ​လေးများ၏ အသက်မွေး ဝမ်းကျောင်း ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက်  ပြည်နယ်အတွင်း အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အိမ်တွင်းမှုသက်​မွေးပညာရပ်များဖြစ်သည့် အ​ခြေခံနှင့် အဆင့်မြင့် အိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်း၊ ကြိမ်/ ဝါးသင်တန်းနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းများ စဉ်ဆက်မြတ်ဖွင့်လှစ်နိုင်ခဲ့ပြီး ယ​​နေ့အထိ သင်တန်းသူ (၂၄၂၇) ဦး ​လေ့ကျင့် သင်ကြား​ပေးနိုင်ခဲ့​ကြောင်း၊ အိမ်တွင်းမှုသက်​မွေးပညာရပ်များအတွက် တတ်​မြောက်သည်အထိ လေ့ကျင့်သင်ကြား​ပေးခြင်း၊ ကိုယ်ပိုင်စီးပွား​ရေး လုပ်ငန်းများ ထူ​ထောင်ပံ့ပိုး​ပေးခြင်း၊ အပ်ချုပ်စက်များကို အရစ်ကျစနစ်နဲ့ ရောင်းချပေးခြင်းများအပြင်  အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်​ပေးထား​ကြောင်း၊ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုဘာသာရပ်သင်ခန်းစာများသည် အမျိုးသမီးငယ်များအတွက် မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ အတတ်ပညာ များဖြစ်ပြီး ဘဝအတွက်ပါ အာမခံချက်အပြည့်အဝပေးနိုင်သည့် ပညာရပ်များဖြစ်သည့်အတွက် အထူးကြိုးစားသင်ယူကြရန် မှာကြားလို​ကြောင်းဖြင့် သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများ​လေးအား ရင်းရင်းနှီး လိုက်လံနှုတ်ဆက်၍ ယခင် သင်တန်းအမှတ်စဉ်များမှ သင်တန်းသူ​လေးများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ သက်​​မွေးပညာပစ္စည်းများကို ကြည့်ရှုအား​ပေးခဲ့ကြသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင်ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းကို မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ စက်ချုပ်သင်တန်းသူ (၃၀)ဦး၊ ရက်ကန်းသင်တန်းသူ (၅)ဦး၊ စုစုပေါင်း သင်တန်းသူ (၃၅)ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ​မေလ ၈ ရက်​နေ့မှ ​အောက်တိုဘာလ ၆ ရက်​နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချ​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

You may also like