Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပေါင်မြို့နယ်၊ အလှပ်​ကျေးရွာ၊ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေး ဇာတ်တိုက်​လေ့ကျင့်မှုများ ​ဆောင်ရွက်​နေမှု၊ ကာကွယ်​ရေးပစ္စည်းများနှင့် အ​ထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပေါင်မြို့နယ်၊ အလှပ်​ကျေးရွာ၊ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေး ဇာတ်တိုက်​လေ့ကျင့်မှုများ ​ဆောင်ရွက်​နေမှု၊ ကာကွယ်​ရေးပစ္စည်းများနှင့် အ​ထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှုစစ်​ဆေး

by Mon Editor

မော်လမြိုင်၊ ​မေ ၁၁
မွန်ပြည်နယ်အ​နေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တ​ပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်​ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ​မေလ ၁၁ ရက်​နေ့၊ မွန်းလွဲပိုင်းက၊ ​ပေါင်မြို့နယ်၊ အလှပ်​ကျေးရွာအုပ်စုသို့​ရောက်ရှိလာခဲ့ကြပြီး ​ရှေးဦးစွာ အလှပ်​ကျေးရွာ၊ သာယာကုန်း​ကျောင်းတိုက် ဆရာ​တော်ကို ဖူး​မြှော်ကြည်ညို၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆရာ​တော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦး​ဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မ​တော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်​ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်​ရေးအဖွဲ့များမှ စုဖွဲ့၍ ရပ်မိ၊ ရပ်ဖများနှင့် ​ဒေသခံပြည်သူများ ပူး​ပေါင်းပါဝင်သည့်သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေး ဇာတ်တိုက်​လေ့ကျင့်မှု ဆောင်ရွက်​နေမှုအ​​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သသာဝ​ဘေးဘေးအန္တရာယ်ကာကွယ်​ရေးပစ္စည်းများနှင့် အ​ထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုအ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးကာ တာဝန်ရှိသူများဖြင့် ​တွေ့ဆုံ၍ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အလှပ်​ကျေးရွာ၊ သာယာကုန်း​ကျောင်းတိုက်၊ ဓမ္မာရုံ၌ ​သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်​ရေး စနစ်တကျ ကြိုတင်စီမံ ​ဆောင်ရွက်ထားပါ​ကြောင်း​၊ မြန်မာ့ကမ်းရိုးတန်းနှင့် ထိဆက်​နေသည့် ​နေရာ​ဒေသများတွင် ​နေထိုင်သူများအ​နေဖြင့် မုန်တိုင်းအန္တရယ်ကို ကြိုတင်သတိပြုနေထိုင်ကြမာဖြစ်ပြီး မိုးလေဝသသတင်းများ၏  အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ ​ဘေးအန္တရာယ်ဆိုင်ရာ ထူးခြားဖြစ်စဉ်များအပေါ် တာဝန်ရှိသူများကလည်း အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြကြရန်နှင့် ဖြစ်ပွား လာနိုင်သည့်ဘေးဖြစ်စဉ်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ အများပြည်သူများအ​နေဖြင့် မုန်တုန်းအန္တရယ် သတိ​ပေးချက်များ၊ လိုက်နာ​ဆောင်ရွက်ရမည့် အချက်များကိုကို အထူးဂရုစိုက်၍ ​မ​ပေါ့ဆကြရန်နှင့် ​ဘေးအန္တရာယ်ဖြစ်ပွားလာပါကကယ်ဆယ်​ရေးစခန်းများသို့ လျှင်မြန်​ပြောင်း​ရွှေ့နိုင်ကြရန်အတွက် တာဝန်ရှိသူများနှင့် အချိန်မီ ချိတ်ဆက်​ပြီး ပူး​ပေါင်းပါဝင်​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကားကြားခဲ့ပြီး ​သဘာဝ​ဘေးဖြစ်စဉ်အ​ပေါ် ဒေသခံပြည်သူများ၏ လက်တ​လောလိုအပ်ချက်များအား တင်ပြ​တောင်းခံခဲ့ကြမှုများအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကာ ​ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး ​တွေ့ဆုံအား​ပေးခဲ့သည်။
ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှပ်​ကျေးရွာ၊ ခင်တန်း​ကျေးရွာများရှိ ကမ်း​ရိုးတန်းတစ်​လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ​လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းတို့​ကြောင့် ရေကြီး၊ ရေလျှံခြင်းများ မဖြစ်ပွား​စေ​ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်​ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်​ရေး လိုအပ်သော လူအင်အားစုဖွဲ့မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများ၊ ဆေးနှင့် ဆေးပစ္စည်းများကို အရန်သင့်စုဆောင်းထားရှိကြရန်၊ ဘေးဖြစ်စဉ်များအပေါ် အခြေ ပြု၍  ပြည်သူလူထု အတွက် လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

You may also like