

မော်လမြိုင်၊ မေ ၁၃
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မေလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်း အတွင်း၊ အပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်း စိမ်းလန်းစိုပြေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ရော်ဘာနှင့် နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့၊ နံနက်ပိုင်းကစိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)သို့ရောက်ရှိခဲ့ကြပြီး သုတေသနခန်းမဆောင်တွင် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၊ တာဝန်ရှိသူမှ စိုက်ပျိုးရေးစီဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)၏ သုတေသနလုပ်ငန်းများဖြစ်သည့် ပြည်တွင်းရော်ဘာစပ်မျိုး သစ်များ ထုတ်လုပ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း/ ပြည်ပ ရော်ဘာစပ်မျိုး ယှဉ်ပြိုင် စမ်းသပ်ခြင်း၊ ရော်ဘာနှင့် အခြားနှစ်ရှည်ပင် စိုက်ခင်းများတွင် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ တွဲဖက်အသုံးပြုခြင်းနှင့် မျိုးအလိုက် ကျရောက်တတ်သော အပင်ရောဂါများ သုတေသနပြုခြင်း၊ နည်းပညာပေးသင်တန်းများပို့ချခြင်းနှင့် တောင်သူကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရေမြေဒေသနှင့် ကိုက်ညီပြီး အစေးထွက်နှုန်းကောင်းသော ရော်ဘာမျိုးကောင်း၊ မျိုးသန့်များရရှိရေးနှင့် ရော်ဘာအထွက်နှုန်းတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန်အတွက် မိမိတို့ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရော်ဘာမျိုးများကို ဦးစားပေးစိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ နှစ်ရှည်သီးနှံများ ပိုမိုစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်စေရေးတောင်သူများအတွက် မျိုးကောင်း၊ မျိုးသန့်များ သုတေသနပြု ဖြန့်ဖြူးထုတ်လုပ်ပေးခြင်း၊ တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်ကောင်းများ ပညာပေးခြင်းလုပ်ငန်းများ အပါဝင် အခြားလိုအပ်သည်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရော်ဘာပင်အိုများခုတ်လှဲပြီး ပြန်လည်စိုက်ပျိုးသော ဧရိယာများတွင် အထွက်နှုန်းကောင်းပြီး ဒေသနှင့် ကိုက်ညီသော ရော်ဘာ မျိုးကောင်း၊ မျိုးသန့် များ ပြန်လည် စိုက်ပျိုးနိုင်ရေး တောင်သူများအား အသိပညာပေးခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ကြရန်နှင့် နှစ်ရှည်သုတေသန နည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီနည်းပညာများအား စဉ်ဆက်မပြတ် လေ့လာပြီး ရော်ဘာအပါအဝင် အရည်သွေးမြင့် အထွက်နှုန်းကောင်းမွန်သည့် နှစ်ရည်သီးနှံများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများအား ဦးစားပေးကဏ္ဍအနေဖြင့် အလေးထားဆောင်ရွက်ကြရန်ဖြင့် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)ရှိ သုတေသနဌာနခွဲများ၌ မြေ၊ ရေ၊ ဓါတ်မြေဩဇာ၊ မျိုးကောင်း၊ မျိုးသန့်များနမူနာဓါတ်ခွဲစစ်ဆေးခြင်း၊ သုသေတနစမ်းသပ်ကွက်များမှ ရော်ဘာအစည်းရည်များအား အဆင့်မြင့်ရော်ဘာပြားများ ထုတ်လုပ်ခြင်းနှင့် အခြားသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့၊ နံနက်ပိုင်းက မုဒုံမြို့၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခွဲ (ဂျုံးဂျုံးကျ ရော်ဘာစိုက်ကွက်) သို့ ရောက်ရှိခဲ့ကြပြီး နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခွဲ၊ တာဝန်ရှိသူမှ ရော်ဘာမျိုးစိမ့်သစ် ယှဉ်ပြိုင် စမ်းသပ်ခြင်း၊ ရော်ဘာသုတေသနထိန်းသိမ်းခြင်းနှင့် ပျိုးခင်းထိန်းသိမ်းခြင်း၊ ရော်ဘာမျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရော်ဘာမျိုးကောင်းသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ကြရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးရေး နည်းစနစ်များများ ကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရော်ဘာအစည်းရည် အထွက်နှုန်းကောင်းမွန်သည့် ရော်ဘာမျိုးစိမ့်သစ်များ စမ်းသပ်စိုက်ပျိုးထားရှိမှုာအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခွဲ (ညောင်ကုန်း ကိုးကိုးစိုက်ကွက်)၌ ကိုးကိုးသီးနှံပင်များ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှု အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုကိုးအပါအဝင် ဒေသထွက်သီးနှံ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နှင့် အခြားသီးနှံများအား စီးပွားဖြစ် အောင်မြင်အောင် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ယနေ့၊ မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခွဲ (ဘဲရမ်း ဆီအုန်းစိုက်ကွက်) သို့ရောက်ရှိခဲ့ကြပြီး နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခွဲ (ဘဲရမ်း ဆီအုန်းစိုက်ကွက်) တာဝန်ရှိသူမှ ဆီအုန်းမျိုးစမ်းသပ်ကွက်များ၊ ဆီအုန်းမျိုးယှဉ်ပြိုင်စမ်းသပ်ခြင်းနှင့် ပင်တည်းဝတ်မှုန်ကူးခြင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေး ကောင်းမွန်သော စာသုံးဆီများ ထုတ်လုပ်နိုင်ရေး တောင်သူများထံသို့ စာသုံးဆီအထွက်နှုန်းကောင်းမွန်သည့် ဆီအုန်းမျိုးကောင်းမျိုးသန့်များ ပိုမိုဖြန့်ဖြူးပေးရန်၊ ဆီအုန်းစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ သုတေသနပြုထားသည့် အထွက်နှုန်းကောင်း ဆီအုန်းမျိုးစိပ်များအား ကြည့်ရှုအားပေးခဲ့ကြသည်။


















