Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများအား ဂုဏ်ပြု​ထောက်ပံ့​ငွေများ ​ပေးအပ်ခြင်း အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများအား ဂုဏ်ပြု​ထောက်ပံ့​ငွေများ ​ပေးအပ်ခြင်း အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၁၄
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မွန်ပြည်နယ်နယ်အတွင်းရှိ သင်တန်းစခန်းများတွင် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ) မှ အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို ဧပြီ ၂၄ ရက်တွင် တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
တပ်မ​တော် ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ တပ်မ​တော် ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများအား ဂုဏ်ပြု​ထောက်ပံ့​​ငွေ​ပေးအပ်ခြင်း အခမ်းအနားကို ​မေလ ၁၄ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ​မောရဝတီ​ရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၆) စစ်​ရေယာဉ်စု အကူ​ရေယာဉ်အုပ် (မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသား ​မောင်မယ်​လေးများအ​နေဖြင့် ရေကြောင်းဆိုင်ရာ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး နိုင်ငံတော်ရဲ့ ရေကြောင်း စွမ်းအားများအတွက် အနာဂတ်တွင် အင်အားသစ်များဖြင့် နောင်တစ်ချိန်မှာ ပုခုံး ပြောင်းတာဝန် လွှဲယူနိုင်တဲ့သူတွေ ဖြစ်လာ​စေရန်နှင့် နိုင်ငံ​​တော်အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်နိုင်မည့် မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေ​ရေး ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန်ဖြင့် လမ်းညွှန်အမှာစကား​ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများအား ဂုဏ်ပြု​ထောက်ပံ့​ငွေများ ​ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား​ပေးခဲ့ကြသည်။

You may also like