Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ဆိုင်ကလုန်းမုန်တိုင်း မိုခါ​ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ဆိုင်ကလုန်းမုန်တိုင်း မိုခါ​ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​မေ ၁၉
အား​ကောင်း​သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ​ဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကိုမေလ ၁၉ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ တက်​​ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ​ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းများ ​ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ ပြည်သူများ၊ အလှူရှင်များပူးပေါင်းကာ အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါ​ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော​ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် စား​သောက်၊ ​နေထိုင်မှုများ အဆင်​ပြေ​ချော​မွေ့​စေ​ရေး စာနာ​ကူညီ​သောစိတ်ဖြင့် လှူဒါန်းပေးကြသူများ အားလုံးကို အထူးပင် ​ကျေးဇူးတင်ရှိပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ​ပေးအပ်လှူဒါန်းသည့် အလှူ​ငွေများအား လည်း​ကောင်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ ​ပေးအပ်လှူဒါန်းသည့် အလှူ​ငွေများအား လည်း​ကောင်း ​ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆိုင်ကလုန်းမုန်တိုင်း မိုခါ​ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် ပြည်နယ်အတွင်းရှိ အလှူ​ရှင်များက အလှူ​ငွေများ​နှင့် ​ထောက်ပံ့​ရေးပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြမှုအ​ပေါ် လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်ခဲ့ကြသည်။
မွန်ပြည်နယ်မှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် (ပထမအကြိမ်) အဖြစ် စုပေါင်းလှူဒါန်းမှုမှာ ငွေကျပ် (၃၄၀၀၇၂၁၅၀)  အပါအဝင် ဆန်၊ ဆား၊  ​ခေါက်ဆွဲ​ခြောက်၊ ကြက်ဥ၊ ရေသန့်ဗူးနှင့် ထောက်ပံ့​ရေးပစ္စည်းများ စုစု​ပေါင်းလှူဒါန်း​ငွေကျပ် ​(၃၉၀၀၇၂၁၅၀) လက်ခံရရှိခဲ့​ကြောင်း သိရှိရသည်။

You may also like