Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ဆံတော်ရှင် ကျိုက်ကော့ရွဲ စေတီတော် ဖူးမြော်၊ ချောင်းဆုံမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား၊ မော်လမြိုင်မြို့တောင်ဝိုင်းလမ်း ပလက်ဖောင်း ဖွင့်ပွဲ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲ ကြည့်ရှုအားပေးခြင်းနှင့် Myanmar Lighting(IPP) Power Plant ဓာတ်အားပေးစက်ရုံလည်ပတ်နေမှုကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ဆံတော်ရှင် ကျိုက်ကော့ရွဲ စေတီတော် ဖူးမြော်၊ ချောင်းဆုံမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား၊ မော်လမြိုင်မြို့တောင်ဝိုင်းလမ်း ပလက်ဖောင်း ဖွင့်ပွဲ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲ ကြည့်ရှုအားပေးခြင်းနှင့် Myanmar Lighting(IPP) Power Plant ဓာတ်အားပေးစက်ရုံလည်ပတ်နေမှုကြည့်ရှုစစ်ဆေး

by Mon Editor

မော်လမြိုင်    ဇွန်    ၁၀

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်    ၁၀ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာအုပ်စု ကျိုက်ရွဲကျေးရွာ ဆံတော်ရှင် ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီးသို့သွားရောက်ပြီး ဩဝါဒစရိယဆရာတော်များထံ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအခြေအနေအား လျှောက်ထားတင်ပြပြီး စေတီတော်ကြီး မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုတို့အား လှည့်လည် ကြည်ရှုစစ်ဆေးသည်။ဆက်လက်၍ ချောင်းဆုံမြို့နယ် ပလိုင်ဝမ်းရွာ ရွှေကျင်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌  ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ယခုကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်မှာ သစ်မျိုး (၆)မျိုး၊ အပင်အရေ အတွက် (၁,၀၀၀)ပင် စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ ဒေသမျိုးရင်း အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့ အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စတဲ့ အပင်အမျိုးမျိုးကို အစီအစဉ် တကျ စိုက်ပျိုးသွားမှာ ဖြစ်ပြီး၊ ဒီရေကာကွယ်တောအနေဖြင့် ချောင်းဆုံမြို့ နယ်တွင် အုန်းပင် (၉၀) ပင်၊ ဒီရေတောသစ်ပင် (၈၀၀) ပင်၊ စုစုပေါင်း (၈၉၀) ပင် စိုက်ပျိုးသွားမှာဟု သိရှိရကြောင်း၊ သစ်ပင် သစ်တောများသည် “သက်ရှိလောက၊ တည်မြဲဖို့” “ထာဝရ ကုသိုလ်ရယူဖို့” “ဇီဝမျိုးစုံထိန်းသိမ်းဖို့” “လောင်စာစွမ်းအင်ရရှိဖို့” “ရေသယံဇာတ ထိန်းသိမ်းဖို့” “ရာသီဥတုမျှတဖို့” စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေတဲ့ အတွက် အခုလို ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ သစ်ပင်စိုက်ပျိုးပွဲများကို ကြိုဆိုအားပေးခြင်းဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထိုနောက် မိုးရာသီ သစ်ပင်များကို စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်မျိုး(၆)မျိုးကို စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်  ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းရှိ တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသည့် ပလက်ဖောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းသည် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင် လေယာဉ်ကွင်း၊ မြိုင်သာယာရပ်ကွက်၊ ဈေးကြိုရပ်ကွက်နှင့် မော်လမြိုင်ဘိုးဘွားရိပ်သာ၊ တောင်ဝိုင်းတောင်ညိုတောင်နှင့် အထင်ကရ ဘုရားများသို့ ဆက်သွယ်သွားလာရာ အဓိကလမ်းမကြီးဖြစ်ပြီး ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်များ ဖြတ်သန်း သွားလာမှုများပြားတဲ့ မြို့ရဲ့ အထင်ကရ လမ်းတစ်လမ်း ဖြစ်ကြောင်း၊  လမ်းရဲ့အရှည် (၂)မိုင်ခွဲရှိပြီး မူလကတ္တရာလမ်းသား အကျယ် (၂၄)ပေစီ နှင့် လမ်းလယ်ကျွန်းပါရှိကြောင်း ၊ ကတ္တရာ လမ်းသား အကျယ်(၃၂)ပေအထိ လမ်းချဲ့ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံ ငွေကျပ်(၁၃၆)သန်း ဖြင့် အပိုင်း (၅)ပိုင်းခွဲပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကာ ပလက်ဖောင်းအရှည် (၂၃၇၇)ပေ ဖြစ်ပြီး ပလက်ဖောင်းရဲ့အကျယ်ကို ကောင်းမွန်စွာ လျှောက်လှမ်းသွားလာနိုင်ရန်အတွက် (၆)ပေ အကျယ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပလက်ဖောင်းပေါ် မသန်စွမ်းသူများပါ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး Wheel Chair တက်လမ်းများနှင့် သပ်ရပ်လှပစေရန် မြက်ခင်းများပါ ထည့်သွင်းဆောင်ရွက်ပေးခဲ့ကြောင်း ယနေ့ဖွင့်လှစ်သည့် ပလက်ဖောင်း လမ်းပိုင်းတစ်လျှောက်မှာ လမ်းလျှောက်ကြရင်း ကျန်းမာရေး အထောက်အကူပြု ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း လေ့ကျင့်ရေး အားကစား ပစ္စည်းများလည်း တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ မွန်ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန် နှင့် လူမှုရေးဝန်ကြီး ဦးမြတ်သွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တောင်ဝိုင်းလမ်းပလက်ဖောင်းတစ်လျှောက် လှည့်လည်ကြည်ရှုစစ်ဆေးကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်တက္ကသိုလ် ပင်မဆောင်အခန်း(၁၅)၌ ကျင်းပပြုလုပ်သည့် ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုအားလည်ကောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့်၊ အပြည်ပြည်ဆိုင်ရာ မူးရစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ Myanmar Lighting(IPP) Power Plant ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကုမ္မဏီဉက္ကဋ္ဌက စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်တင်းပေမှု၊ ဓာတ်ငွေ့သုံး တာဘိုင်နှင့် ဓာတ်အားငွေ့သုံးတာဘိုင် စက်တို့မှလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ဓာတ်အားထိန်းချုပ်ခန်း၊ ဓာတ်အား ထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

You may also like