Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်၊  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီအပါအဝင် ကော်မတီ(၃) ရပ်၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက် 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်၊  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီအပါအဝင် ကော်မတီ(၃) ရပ်၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက် 

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၅

မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများ ၊ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေး အတွက် ဘက်စုံထောင့်စုံမှ  အရည်အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို  ကူညီပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသား အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဉီးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တက်ရောက်လာသူများသည် မော်လမြိုင်မြို့နယ် နှင့်ကျိုက်မရောမြို့နယ် ဘော်လီဘောပြိုင်ပွဲအသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးသည်။

ထိနောက် ပြည်နယ်ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသားအသက်(၂၅)နှစ်အောက်ဘော်လီဘော  ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအလိုက် အကောင်းဆုံးအားကစားထူးချွန်မှု ရရှိသည့်သူအား မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသင်းလိုက်ပူးတွဲတတိယဆုရ ချောင်းဆုံမြို့နယ်အသင်းနှင့် ပေါင်မြို့နယ်အသင်းတို့အား မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှလည်းကောင်း၊ ဒုတိယဆုရ ကျိုက်မရောမြို့နယ်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုများကို မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရ မော်လမြိုင်မြို့နယ်အသင်းအား ဆုတံဆိပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ 

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီ အပါအဝင် ကော်မတီ(၃) ရပ်၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီနာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီအပါအဝင် ကော်မတီ(၃) ရပ်၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့် “ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု – National Clean and Green School Award ချီးမြှင့်ခြင်းအစီအစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များအားလုံးတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု – Clean and Green School Award ဆုချီးမြှင့်ခြင်းအစီအစဉ် ” များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အဆင့် အနေဖြင့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်း (၁)ကျောင်းနှင့် အခြေခံပညာမူလတန်း အဆင့်ကျောင်း (၁) ကျောင်းအား စိစစ်ရွေးချယ်သွား ရမှာဖြစ်ပြီး နှစ်စဉ် ဇွန်လ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသားအဆင့်တွင်လည်းဝင်ရောက်ယှဥ်ပြိုင်သွားရမှာဖြစ်ကြောင်း၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည် သော ကျောင်းများဖော်ဆောင်ခဲ့ရာမှာ  အခြေခံပညာအထက်တန်းအဆင့်အနေဖြင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျိုက်ထိုမြို့နယ် နှင့် အခြေခံပညာမူလတန်းအဆင့်အနေဖြင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၊ စက်သစ်ရပ်၊ သံဖြူဇရပ်မြို့နယ်တို့အား ပြည်နယ်အဆင့်ဆုရ ကျောင်းများအဖြစ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအတွက် ယှဉ်ပြိုင် လျှောက်ထားခဲ့ရာတွင်လည်း အခြေခံပညာအထက်တန်းအဆင့်နှင့် မူလတန်းအဆင့်တွင်ပါ တတိယဆုများကို အသီးသီး ဆွတ်ခူးရရှိ နိုင်ခဲ့ပြီး ပြည်ထောင်စုအဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုတက်ရောက်ရယူခဲ့ရသည်ကို ကြားသိရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းအဖြစ် ယှဉ်ပြိုင်လျှောက်ထားလာသော အခြေခံပညာ ကျောင်းများသို့ အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲ (Level I, II, III, IV, V, Summary) စာအုပ်များနှင့် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မှာဖြစ်ကြောင်း ၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် (၁၇)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့အချက်များအားလုံးက ဟန်ချက်ညီညီ ရှိမှသာလူမှုပတ်ဝန်းကျင်တစ်ခုလုံးရေရှည်တည်တံ့ကောင်းမွန်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော အနာဂတ် မျိုးဆက်များအတွက် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်အမွေအနှစ်များကို ပေးစွမ်းနိုင်မှာဖြစ်ကြောင်း၊“ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ” ဆိုတဲ့ ဆိုရိုး စကားလိုပဲ “ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစ စာသင်ကျောင်းက” ဖြစ်စေရေး ၊ ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအတွက် အထက်တန်းအဆင့်နှင့် မူလတန်းအဆင့်ရွေးချယ်ခံရသည့်ကျောင်းများအနေဖြင့် အမျိုးသား အဆင့်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ပြီးဘက်ပေါင်းစုံမှ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်း ဖြည့်စွက်အကြံပြုပေးကြရန် ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကျောင်းစိမ်းလန်းစိုပြေရေးကိစ္စရပ်များနှင့်ပက်သက်၍ အမှာစကားပြောကြားပြီး၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်မှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများရွေးချယ်နိုင်ရေးအတွက် တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ သန့်ရှင်း၍စိမ်းလန်းစိုပြည် သောကျောင်းများဖော်ဆောင်ရေးပံ့ပိုးရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ပညာရေးမှူး၊ ဒေါ်နန့် စယ်လီလှိုင်မှ သန့်ရှင်း၍စိမ်းလန်း စိုပြည်သော ကျောင်းများရွေးချယ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသောကော်မတီဝင်များ၏ ဆွေးနွေး တင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

You may also like