
မော်လမြိုင်၊ စက်တင်ဘာလ ၅
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/ ၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏(၃/ ၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအအဝေးကိုစက်တင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်း၌ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးအောာင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ တက်ရောက်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စိုက်ပျိုးလယ်ယာမြေများအား ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ အကောင်အထည်ဖော်ဆောင်ရာတွင် အလုပ်သမား ရှားပါးမှု အခက်အခဲ၊ လုပ်ခစရိတ် ကြီးမြင့်မှုအခက်အခဲ၊ အထွက်နှုန်း နည်းပါးမှု အခက်အခဲ များကို ဖြေရှင်းနိုင်ရန်အတွက် လယ်ယာမြေများကို ဧကကွက်ကျယ်ဖြစ်အောင် ပြုပြင်ပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နောင်တိုးပွားလာမည့် လူဦးရေအပေါ် ရိက္ခာဖူလုံအောင် ဆောင်ရွက်ရမှာဖြစ်သည့်အတွက် မိုးစပါးစိုက်ဧရိယာ မလျော့နည်း စေရေးမှာ အရေးကြီးကြောင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုမှု နောင်ထပ်မံ မဖြစ်ပွားစေရေး အထူး ကြပ်မတ်ဆောင်ရွက်ရန် သတိပြုကြဖို့ မှာကြားလိုကြောင်း အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံဆောင်ရွက်နိုင်ရန်အတွက် ကော်မတီမှ စိစစ်ဆောင်ရွက်ပေးရမှာဖြစ်သဖြင့် ယခုတင်ပြလာသည့် မြေလွတ် မြေလပ်နှင့်မြေရိုင်း များ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားခြင်းများအပေါ် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
အဲဒီနောက် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်၊အသုံးပြုခွင့် ချထားပေးမှုအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့်မြေခွန်ကောက်ခံရရှိမှုအခြေအနေများ၊မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ အစည်းအဝေးတွင် ၊မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးမှုအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများထံမှ မြေခွန်ကောက်ခံရရှိမှု၊မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ပြောင်းလဲရန်လျှောက်ထားသည့် အမှုတွဲ(၁)တွဲတင်ပြခြင်း၊မြေလွတ်မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားသည့် အမှုတွဲ(၆)တွဲ တင်ပြခြင်း၊ပြည်နယ်မြေယာအယူခံမှု အမှုတွဲတင်ပြခြင်း၊လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)၊ (ခ) အရ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်းအသုံးပြုရန် လျှောက်ထားမှုများ၊ အပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ကုသနိုင်ရေးနှင့် အများပြည်သူများအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းလုပ်ငန်းများကို အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား ဌာနဆိုင်ရာများဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီး၌လည်း မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား ဌာနဆိုင်ရာများဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး ဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆေးရုံ အတွင်းအပြင်သန့်ရှင်းရေး၊ ရေနုတ်မြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် ပတ်သက်သည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ စုပေါင်းလုပ်ဆောင်ကြရန်၊ လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြသည့် ဆေးရုံများအပေါ် စေတနာအပြည့်ထား၍ ဆောင်ရွက်ပေးကြပါရန်ဖြင့် အမှာစကားပြောကြားသည်။
အဲဒီနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား ဌာနဆိုင်ရာများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

