Home နောက်ဆုံးရသတင်းများ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ခွန်စံလွင် သထုံမြို့နယ်နှင့် ​ချောင်းဆုံမြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ခွန်စံလွင် သထုံမြို့နယ်နှင့် ​ချောင်းဆုံမြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၈
နိုင်ငံ​​တော်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင် တို့သည် နိုင်ငံ​​တော်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ​ရှေ့လုပ်ငန်းစဉ်များ  ဦးတည်ချက်များနှင့်ညီ မွန်ပြည်အတွင်း ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​လေ​ကြောင်းခရီးစဉ်ဖြင့် ​မော်လမြိိုင်မြို့သို့​ရောက်ရှိခဲ့ကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများကြ ကြိုဆိုခဲ့ကြပြီး နိုင်ငံ​​တော်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်က သထုံမြို့နယ်အတွင်းရှိ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စုပေါင်းရုံးခန်းမသို့ ရောက်ရှိရာ ကရင်စာ‌ပေနှင့်ယဥ်‌ကျေးမှုအဖွဲ့ဝင်များ တိုင်းရင်းသား တိုင်းရင်းသူများက ရိုးရာယိမ်းအကများဖြင့် ကြိုဆိုကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က အမှာစကားပြောကြားရာ၌  ၂၀၂၄ ခုနှစ်တွင် လူဦးရေသန်းခေါင် စာရင်းကောက်ယူပြီး ရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးအတွက် များစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA စာချုပ်အား နိုင်ငံတကာရှေ့မှောက်တွင် ချုပ်ဆိုဆောင်ရွက် နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်ရင်းသားလက်နက် ကိုင်ခေါင်းဆောင်များအား ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိပြီး သဘောတူညီချက် များစွာလည်း ရရှိထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ကြေညာထားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဖို့လိုကြောင်း၊ တွေ့ဆုံဆွေးနွေးရေးအတွက် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပါကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ပြဌာန်းပြီး တိုင်းပြည် အေးချမ်းတည်ငြိမ်ပါက ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသူကို နိုင်ငံတော်၏ အာဏာအရပ်ရပ်အား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲအား အချိုးကျ PR စနစ်နဲ့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းသူပြည်သားအားလုံး မဲပေးနိုင်ဖို့ လိုအပ်ပြီး ပေးခြင်းမပေးခြင်းက နိုင်ငံသားများ၏ အခွင့်အရေးသာဖြစ်ကြောင်း၊ အာဏာမဲ့ နိုင်ငံရေးပါတီများက တိုင်းပြည်ကို အကြမ်းဖက် နည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ခြင်းများကို တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များမှ ငြိမ်းချမ်းအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်များအား နိုင်ငံတော်မှ အင်အားသုံးပြီး ဖြေရှင်းလို့ရပေမယ့် ထိန်းထိန်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ သည် အသိဉာဏ်ပညာ နည်းပါးသည့်အတွက် တိုင်းပြည်တွင်း အကြမ်းဖက်ဆူပူမှုများ ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်အောင် နိုင်ငံတော်အနေဖြင့် အသေးစားအလတ်စားလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအား ကျင်းပပေးမည်ဖြစ်ပြီး  ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသအတွင်းရှိ ကရင်တိုင်းသား ကိုယ်စားလှယ်တို့က သထုံမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲရုံးအဆောက်အဦးအတွက် လိုအပ်သည့် မြေနေရာရရှိရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ပိန္နဲတောကျေးရွာအုပ်စုရှိ မင်းလွင်တောင်တန်းကြီး မပျက်စီး‌အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ တိုင်းရင်းသားစာပေသင်ကြားမှု ဖွံ့ဖြိုးရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည်  မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဓမ္မဗိမာန်တော်သို့ရောက်ရှိရာ  ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူများက ကြိုဆိုကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များအား လိုက်နာ ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းတိုင်းရင်းသားများက ပအိုဝ်းတိုင်းရင်းသားတို့၏ ဘာသာစာပေ ယဉ်ကျေးမှု အနုပညာဓလေ့ထုံးစံများကို ရေရှည်တည်တံ့ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ရေးအတွက် ရံပုံငွေရရှိစေခြင်း အကျိုးငှာ အဖွဲ့ပိုင် သောင်နုမြေဧက(၃၀၀)ရရှိ စိုက်ပျိုးထွန်ယက်နိုင်စေရေး၊ ဘီးလင်းမြစ်ရေလျှံ၍ တာများကျိုးပျက်ခြင်းကြောင့် နှစ်စဉ် ဘီးလင်းမြစ်အနီးဝန်းကျင်ရှိ လယ်မြေ ဧက(၁၀၀၀၀)ခန့် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန် ဘီးလင်းမြစ်နံဘေး တာများအား ပိုမိုခိုင်ခံ့အောင် ဆောင်ရွက်ပေးစေရေး၊ အထက(နောင်ကုလားရှမ်းရွာ)စာသင်ကျောင်းတွင် ကျောင်းသားဦးရေနှင့် စာသင်ခန်းအရေးအတွက် မမျှတခြင်းကြောင့် အလျား ၁၃၀ ပေ ၊ အနံ ၃၀ ပေ RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောင်လုပ်ပေးနိုင်ရေး၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြား ရပ်ကွက်၊ အမက(ရွာကြား) စာသင်ကျောင်းလမ်းရှေ့ရှိ လမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင် ရေး၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ကလပ်ကျေးရွာအတွင်း သောက်သုံးရေရရှိစေရေး ဆောင်ရွက်ပေးစေ လိုရေးတို့အား တင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်ကတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က ပအိုဝ်းအမျိုးသားဗိမ္မာန်တော် တည်ဆောက်နိုင်ရေး အတွက် အလှူငွေကျပ်သိန်း(၂၀)အား ပေးအပ်လှူဒါန်းရာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဒေသထွက် အသီးအနှံနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ‌သည်။

ထို့နောက် သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရုံးကြီးလမ်းရှိ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရထံ ဝင်ရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် နိုင်ငံ​​တော်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့သည် ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမတွင် ကရင် တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကရင်စာ‌ပေနှင့်ယဥ်‌ကျေးမှုအဖွဲ့ဝင်များ တိုင်းရင်းသား တိုင်းရင်းသူများက ရိုးရာယိမ်းအကများဖြင့် ကြိုဆိုကြပြီးရှေးဦးစွာ တက်ရောက်လာသည့် ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များက မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်က အဖွဲ့အမှာစကားပြောကြားရာတွင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေ စီ အထွေထွေရွေးကောက်ပွဲ၌ မဲမသာမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်မှ အကြိမ်ကြိမ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ အစိုးရတစ်ရပ်ဖွဲ့ စည်းနိုင်ရေးအတွက် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့်အတွက် တပ်မတော်မှ နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခေတ္တထိန်းသိမ်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လူဦးရေသန်းခေါင် စာရင်းကောက်ယူပြီး ရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသည်။

ကရင်ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး စောအဲ့လားမူး က ကွန်ကရိလမ်း ပေ ၃၀၀၀အား  ကတ္တရာခင်းခြင်း ဆောင်ရွက်ပေးရန်၊ ကရင်ဝင်းစိန်(အ.ထ.က)ခွဲ ကျောင်း ပေ၁၂၀ x ၃၀ ပေ (၂)ထပ်ဆောင်တစ်ဆောင် ဆောက်လုပ်ရန် ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမ ဆောင် (၂)ထပ်ဆောင်တိုးချဲ့ဆောက် လုပ်ရန် နှင့် ကရင်တိုင်းရင်းသားစာပေသင်ကြားပေးမည့် ဆရာ ဆရာမများ ထပ်မံခန့်ထားပေးရန် တင်ပြ ခြင်း၊ ကရင်စာပေယဉ်ကျေးမှု ကော်မတီဥက္ကဌ စောလှရှိန် နှီးမုတ်၊ ကမနင်း၊ ဖံဖ၊ ထန်းပင်ကုန်း ကျောင်းတွင် လိုအပ်နေသည့် တိုင်းရင်းသားစာပေ ဆရာ/ဆရာမများခန့်ထားပေးရန်၊ စော်ကဲအုပ်ချုပ်ရေးမှူး စောသန်း နိုင် က စော်ကဲတောင် (အ.မ.က)ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင် ထပ်မံဆောက်လုပ်ပေးရန်၊ မုခနီး-မုကွဲကျေးရွာချင်းဆက်လမ်း အရှည်ပေ (၁၃၅၀၀)အကျယ် (၈)ပေ ကတ္တရာလမ်းအား လမ်းပခုံးတစ် ဖက်စီ(၂)ပေ ထပ်မံတိုးချဲ့ပေးရန်တင်ပြခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်မှူး နှင့် ခရိုင်ပညာရေးမှူး တို့ မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ ကရင်စာပေ ယဉ်ကျေးမှုအဖွဲ့မှ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် (၂)ဦးအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော် ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ကရင်ဝင်းစိန်တောင်ပေါ်ကြီး ကျောင်းတိုက် သို့ရောက်ရှိခဲ့ပြီးကျောင်းထိုင် ဆရာတော် ဥူးဝီမလအားဖူးမြှော်ကြည်ညိုကာ ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဲဒီ​နောက် မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်အား ဖူး​မြှော်ကြည်ညိုခြင်းအခမ်းအနားကို ​ယ​နေ့ည​နေပိုင်းက မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး ၌ ကျင်းပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ သီလတော်မြတ်များခံယူဆောက်တည်ကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  ရုတ်သိမ်းခဲ့ကြသည်။

You may also like