Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်၊ ပြိုင်ပွဲများ ဝင်​ရောက်ယှဉ်ပြိုင်​နေကြမှု အ​ပေါ် သွား​ရောက်ကြည့်ရှုအား​ပေး၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်၊ ပြိုင်ပွဲများ ဝင်​ရောက်ယှဉ်ပြိုင်​နေကြမှု အ​ပေါ် သွား​ရောက်ကြည့်ရှုအား​ပေး၊

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ်၊ ဦးညီညီစိုးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများ၊ အမျိုးကမီး​ရေးရာနှင့် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်​တော်များ တက်​ရောက်သည်။
​ရှေးဦးစွာ အခမ်းအနားကို အောင်စေပိုင်စေသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်မှာ မွန်၊ ဗမာ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ရင်းနှီးချစ်ကြည်စွာ အတူတကွ ကရင်၊ ပအိုဝ်းစသော စုပေါင်းနေထိုင်လျက်ရှိကြောင်း၊   ပြည်နယ်အတွင်းမှာ စုပေါင်းနေထိုင် ကြသည့် တိုင်းရင်းသားအသီးသီးတွင် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမနှင့် ရိုးရာဓလေ့ထုံးစံများ ပြည့်စုံစွာရှိနေကြသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့များရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်အနေနဲ့ ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အတူတကွ လက်တွဲ နေထိုင်လာကြသော တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ ယဉ်ကျေးမှုများ တွင်လည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများဖြင့် ခန့်ညားထည်ဝါစွာ ရှိသကဲ့သို့ လူမျိုးအလိုက် သီးသန့်ပိုင်ဆိုင်ထားသော အမျိုးသားရေး သင်္ကေတ၊ အမျိုးသားရေးစရိုက်လက္ခဏာလည်း ရှိသလိုရိုးရာယဉ်ကျေးမှုများကို ကြည့်လျှင် ခံ့ညားထည်ဝါမှု၊ လှပသိမ်မွေ့မှု၊ နိုင်ငံဂုဏ်ရည်နှင့် အမျိုး သားရေး စိတ်ဓာတ် ကြံ့ခိုင်ကြီးမားမှုစသည့် ပုံရိပ်များထင်ဟပ်နေသည်ကိုတွေ့မြင်ရမှာဖြစ်‌ကြောင်း၊ လူငယ်များ၏ လက်ဦးဆရာများ ဖြစ်ကြသော မိဘနှင့် ဆရာသမားများက မိမိတို့၏ သားသမီး၊ တပည့် များအား ငယ်စဉ်ကပင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီး အတုခိုးမမှားစေရန် “အရိုးပေါ်အရွက်မဖုံးစေနဲ့” ဆိုတဲ့ စကားအတိုင်း လမ်းညွှန်ပဲ့ပြင်ဆုံးမပေးရန် တာဝန်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးကို နိုင်ငံတော်မှ ကြီးမှူးကျင်းပပေးလျက်ရှိရာမှ ယခုအခါတွင် (၂၄)ကြိမ်မြောက်အထိ ရောက်ရှိလာပြီးဖြစ်‌ကြောင်း၊ ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမယ့် မျိုးဆက်သစ်လူငယ်များအနေနဲ့ အနှစ်သာရရှိရှိ ရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ယခုလိုပြိုင်ပွဲများ ကျင်းပပေးပြီး စောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို အမျိုးသားယဉ်ကျေးမှုနဲ့ ယှဉ်တွဲပြီး မြင့်မားထည်ဝါ စေရအောင် စွမ်းဆောင်မြှင့်တင်ပေးနိုင်ကြပါရန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းအားဖြင့် မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာများ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အမျိုးသားရေးစံနှုန်းများနဲ့ လူမှုတန်ဘိုးစွမ်းအားများ ပိုမိုအားပြည့် ခိုင်မာစေရအောင် အနုပညာစွမ်းပကားဖြင့် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်  တရားသူကြီးချုပ်
ပြည်နယ်ဝန်ကြီးများက (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး

ထိုနောက် မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် အလှူငွေများကို ပြည်နယ်အစိုးရအဖွဲ စီးပွားရေးရာ၀န်ကြီး နိုင်လယိတမက ပေးအပ်ခဲ့မှုအ​ပေါ်
လက်ခံရယူခဲ့ပြီး မွန်ပြည်နယ်သဘင် အစည်းအရုံးမှ အဆို၊ အက အလှများဖြင့် ​​ဖော်​ဖြေတင်ဆက် ခဲ့ကြသည်သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ အကပြိုင်ပွဲအဖြင့် အမျိုးသား၊ အမျိုးသမီး ဝါသနာရှင်အဆင့်၊ ပထမတန်း၊ ဒုတိယတန်း၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်၊ အသက် ၁၅နှစ် ၂၀ နှစ်) ပြိုင်ပွဲဝင်များ၏ တပင်တိုင်အက၊ ယိမ်းအက၊ ​​ခေတ်​ဟောင်းနှစ်ပါးသွားအက များဖြင့် ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာ​ရေးဒီကရီ​ကောလိပ်၊ ပညာညီလာခန်းမသို့ ​ရောက်ရှိခဲ့ကြပြီး ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ အတီးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး အ​ခြေခံပညာ အသက် (၁၀နှစ်မှ- ၁၅) နှစ်နှင့်  အလွတ်တန်း ပြိုင်ပွဲ ထောင်တ​ရော၊ မိ​ကျောင်းတူရိယာ၊ ၊ မွန်ပ​လွေကြီး၊ လခြမ်းတူရိယာ၊ ပတ္တလား များဖြင့် ပြိုင်ပွဲဝင်များ၏ ဝင်​​ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ပြီး ပညာ​ရေးဒီကရီ​ကောလိပ်၊ ခန်းမ​ဆောင်၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အ​ရေးပြိုင်ပွဲ သီချင်းစာသားများ ​ရေးသားယှဉ်ပြိုင်ခြင်း၊ သံစဉ်ထည့်သွင်းခြင်းနှင့် သီဆိုခြင်း တို့ဖြင့်ပြိာင်ပွဲများ၏ ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​မော်လမြိုင်မြို့၊ အမှတ် (၈) အခြခံပညာအထက်​ကျောင်းသို့​ရောက်ရှိ၍ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ အဆို
ပြိုင်ပွဲအဖြင့် မွန်ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်များမှ မဟာဂီတ၊ ​ခေတ်​ဟောင်း၊ ကာလ​ပေါ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ​တေးသီချင်းများဖြင့် ​ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။

You may also like