Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အတွင်းMSME လုပ်ငန်းများတွင်နည်းပညာဖြန့်ဝေပေးမည့်အစီအစဉ်များရှင်းလင်းတင်ပြဆွေးနွေးခြင်းအခမ်းအနား၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အတွင်းMSME လုပ်ငန်းများတွင်နည်းပညာဖြန့်ဝေပေးမည့်အစီအစဉ်များရှင်းလင်းတင်ပြဆွေးနွေးခြင်းအခမ်းအနား၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်တက်ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၁၅
မွန်ပြည်နယ် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ပြိုင်ပွဲကျင်းပမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး မဟာဂီတ၊ ခေတ်ဟောင်း၊ ဝါသနာရှင် (အဆင့်) ပထမတန်း၊ ဒုတိယတန်းနှင့် အခြေခံပညာ အသက် (၁၀နှစ်မှ- ၁၅) နှစ် အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိကြသူများအား လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းက အခြေခံပညာ အသက် (၁၀နှစ်မှ- ၁၅) နှစ် အမျိုးသား၊ အမျိုးသမီး ခေတ်ဟောင်းတေးသီချင်းများ ပြိုင်ပွဲတွင် ဆုရှိကြသူများအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးညီညီစိုးက  အမျိုးဂုဏ်၊ ဇာတိဂုဏ် တေးသီချင်းများဖြင့် ပြိုင်ပွဲတွင် ဝါသနာရှင် (အဆင့်) ပထမတန်း၊ ဒုတိယတန်းနှင့် အလွတ်တန်းပြိုင်ပွဲများနှင့် မွန်အဆို ခေတ်ဟောင်းတေးသီချင်းများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိကြသူများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ၂ဝ၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့်  ပြိုင်ပွဲဝင်များမှ ဖျော်ဖြေတင်ဆက်မှုများနှင့် ပြိုင်ပွဲဆုရ ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  အဆိုပြိုင်ပွဲဝင်၊ အက ပြိုင်ပွဲဝင်၊ အရေးပြိုင်ပွဲဝင်၊ အတီးပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာယိမ်း အကပြိုင်ပွဲဝင်အဖွဲ့များ မွန်တိုင်းရင်းသားရိုးရာယိမ်း အကများဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  အဆိုပြိုင်ပွဲဝင်၊ အက ပြိုင်ပွဲဝင်၊ အရေးပြိုင်ပွဲဝင်၊ အတီးပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာယိမ်း အကပြိုင်ပွဲဝင်အဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် အဖွဲ့ခေါင်းဆောင် မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားယဉ်ေကျးမှုပြတိုက်ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးဦးအောင်နိုင်မိုးနှင့် မွန်ပြည်နယ်သဘင်အစည်းအရုံး ဥက္ကဌ ဦးစိုးသီဟတို့ထံသို့  အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မွန်းလွဲပိုင်းတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး‌ေအာင်ဆန်းခန်းမတွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှမွန်ပြည်နယ်အတွင်းMSME လုပ်ငန်းများတွင်နည်းပညာဖြန့်ဝေပေးမည့်အစီအစဉ်များရှင်းလင်းတင်ပြဆွေးနွေးခြင်းအခမ်းအနားသို့တက်ရောက်ရာရှေးဦးစွနွေးခြင်းအခမ်းအနားသို့တက်ရောက်ရာရှေးဦးစွာသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း ကမြန်မာနိုင်ငံအတွင်းရှိMSMEsများအား နည်းပညာပံ့ပိုးကူညီခြင်းအစီအစဉ်များကိုရှင်းလင်းတင်ပြရာ တွင်နည်းပညာဖြန့်ဝေပေးခြင်းအစီအစဉ်ရည်ရွယ်ချက်များ၊Technology Transfer Hub DRIတည်ထောင်ဆောင်ရွက်ခြင်း၊စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ၊ပြန်လည်ဖြန့်ဝေရေးအစီအစဉ်၊MSME သို့နှစ်အလိုက်လွှဲပြောင်းခဲ့သောနည်းပညာများ၊စမ်းသပ်ထုတ်လုပ်သောစာသောက်ကုန်များ၊အေးခဲအခြောက်ခံစက်နှင့်တန်ဖိုးမြှင့်စားသောက်ကုန်များ၊ဓါတ်ခွဲစမ်းသပ်ဝန်‌ေဆာင်မှုများ၊စသည်ဖြင့်ရှင်းလင်းတင်ပြသည်။ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ကမွန်ပြည်နယ်သည်ဒူးရင်း၊ကြက်မောက်၊မင်းဂွတ်၊နာနတ်စသည့်သစ်သီးဝလံများပေါများသည့်ပြည်နယ်ဖြစ်ပြီးပိုလျံသည့်သစ်သီးဝလံများအား၊အေးခဲအခြောက်ခံစက်နှင့်တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်ခြင်း၊စည်သွပ်ဗူးများထုတ်လုပ်ခြင်းစသည်တို့တွင်နည်းပညာ စက်ကရိယာ ရင်းနှီးမှုများလိုအပ်ပါကြောင်း၊ပြည်နယ်အတွင်းရှိအသေးစား၊အငယ်စားအလတ်စားလုပ်ငန်းရှင်များကိုရှင်းလင်းဆွေးနွေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်‌ကြောင်းပြောကြားသည်။ထို့နောက်တက်ရာက်လာ‌ေသာပြည်နယ်ဝန်ကြီးများကသိရှိလိုသည်များ‌ေမးမြန်းချက်များကိုညွှန်ကြား‌‌ေရးမှူးချုပ်ကပြန်လည်‌‌ေဖြကြားပြီးပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့ ​နေ့လယ်ပိုင်းက ပြည်နယ်အားကစား  အားကစားခန်းမ၌  ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲ များအား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း ၊ သင်တန်းများဖွင့်လှစ်ပေးခြင်း ၊ သင်တန်းများသို့ စေလွှတ်တက်ရောက်စေခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင်လည်း မပျက်မကွက် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး မွန်ပြည်နယ်၏ အားကစားကဏ္ဍ အဆင့်အတန်း တိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲ များအား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း ကို​ဆောင်ရွက်​နေပါ​ကြောင်း၊  မွန်ပြည်နယ်မှာ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြဆင့်ပွားသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးခဲ့သည့် မွန်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုနည်းပြဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရသော ရည်ရွယ်ချက်မှာ မြို့နယ်/ခရိုင်များမှ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု နည်းပြများ ပေါ်ထွက်လာစေရန်၊ အမျိုးသမီးများအား ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများ သင်ကြားပေးနိုင်စေရန်၊ ပြောင်းလဲလာသည့် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းစနစ်အသစ်များအား နားလည် သိရှိစေရန်အတွက်ဖြစ်ကြောင်း၊ အားကစားသည် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးအောင် ပိုမို၊ကြံ့ခိုင်အောင် လေ့ကျင့်ပေးသည့် အစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ န်ပြည်နယ် (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲများတွင်လည်း မြို့နယ်အားလုံး နည်းစနစ် မှန်ကန်စွာဖြင့် အဆင့်မှီမှီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်လည်း သင်တန်းဆင်းနည်းပြများမှ မိမိတို့မြို့နယ်မှာရှိတဲ့ အမျိုးသမီးများအား စနစ်သသင်ကြားပို့ချကာ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြဆင့်ပွားသင်တန်းအား တက်ရောက်ခဲ့ကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့ တစ်ဦး တစ်ယောက်ချင်းစီမှ ဆက်လက်ပြီး ပညာများဆင့်ပွားပေးကြရန်နှင့် အမျိုးသမီး အားကစားကဏ္ဍ တိုးတက်မြင့်မားလာရန် တာဝန်ရှိသူအားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြပါရန် ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီးများဖြစ်အောင် အားကစားလှုပ်ရှားမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကား​ပြောကြားသည်။
အဲဒီ​နောက်  ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းမြင့်ရီမှ သင်တန်းတွင် ထူးချွန်စွာပါဝင်ခဲ့သူ မဇင်မာအောင်အား ထူးချွန်ဆုချီးမြှင့်ခဲ့ကြောင်း၊ ယင်းနောက် မွန်ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းမိုးမှ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုငွေကျပ် တစ်ဦးလျင် ကျပ်( ၁ )သိန်းနှုန်းဖြင့် ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများမှ Fitness Dance အကဖြင့်သရုပ်ပြသခဲ့ကြကြောင်း၊ ဆက်လက်၍ အလှဆုံးမိန်းမပျို တေးသီချင်းဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သင်တန်းသား/ သင်တန်းသူများမှ Fitness Dance ဖြင့် သရုပ်ပြသခဲ့ကြမှုအ​ပေါ် ကြည့်ရှု အား​​ပေး ခဲ့ကြသည်။

You may also like