Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ကညေှာ်ကျေးရွာ ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော် စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်အား စံကျောင်းတော်သို့ ပင့်ဆောင်အပူဇော်ခံခြင်းမင်္ဂလာအခမ်းအနားနှင့်မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင်အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်မှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ကညေှာ်ကျေးရွာ ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော် စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်အား စံကျောင်းတော်သို့ ပင့်ဆောင်အပူဇော်ခံခြင်းမင်္ဂလာအခမ်းအနားနှင့်မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင်အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်မှုအား ကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင်      စက်တင်ဘာ     ၁၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညေှာ်ကျေးရွာ ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် ဘက်စုံမွှမ်းမံပြုပြင်ရေးအတွက် အလှူငွေပေးအပ်ပွဲ ၊ စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်အား စံကျောင်းတော်သို့ပင့်ဆောင်အပူဇော်ခံခြင်းမင်္ဂလာအခမ်းအနားသို့တက်ရောက်သည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး စေတီတော် ဩဝါဒါစရိယ ကညော်   တိုက်ကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလတော်မြတ် ခံယူစောင့်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ  ရွတ်ပွားသရဇ္စျာယ်တော်မူကြသော အန္တရာယ်ကင်း ပရိတ်တရားတော် များနာယူကြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း ဒေါ်တင်လှ (ကိုလှထွန်းငရုတ်သီးမှုန့်လုပ်ငန်း သား သမီးမြေးများ မိသားစုမှ တတိယအကြိမ်မြောက် အလှူတော်ငွေ ကျပ်သိန်းသုံးရာ နှင့်အလှူရှင်များကအလှူငွေများကိုပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းတို့က  လက်ခံရယူပေးကြသည်။
အဲဒီနောက်စေတီတော် ဩဝါဒါစရိယ မော်လမြိုင်မြို့  မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနှင့် ရေစက်ချ တရားနာယူကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြသည်။
ထို့နောက် ကျိုက်ကော့ရွဲ စေတီရှိ ထီးခရိုင်မဏ္ဍိုင်ထက်မှ စိန်ဖူးတော်မြတ် နှင့်ငှက်မြတ်နားတော်တို့အား ပင့်ဆောင်ပြီးစေတီတော်လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကာ စံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် နေပြည်တော် ကုသရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင် ဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ကလေးဆေးရုံကြီး၊ ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (၁၂)ဦးက အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ပညာ၊ သွေးရောဂါ၊ ကလေးဦးနှောက်နှင့်အာရုံကြောဆေးပညာ၊နှလုံးရောဂါဆေးပညာ၊ အရိုးအကြောအဆစ် ဆေးပညာ၊ ဟော်မုန်းဆေးပညာ၊သွားရောဂါပညာရပ်ဆိုင်ရာများကို မွန်ပြည်နယ် မော်လမြိုင်မြို့  ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအားဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ရာ
မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ အထူးကုဆရာဝန်ကြီးများထံ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်
စကားပြောကြားပြီး အမှတ်တရ ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ကွင်းဆင်းကျန်းမာရေးဆေးကုသမှုများကို မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ၂ ရက်ကြာ ဒေသခံ ပြည်သူများ၏ကျန်းမာရေးဝန်‌ေဆာင်မှုများ ကိုကြည့်ရှုကုသပေးသွားမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း အလားတူအစီအစဥ်များကို ရခိုင်ပြည်နယ်သို့နှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ကြိမ်၊ ရှမ်းပြည်နယ်သို့ တစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး အခြားသောတိုင်းဒေသကြီး/ပြည်နယ်များ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

You may also like