Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား နှင့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး မွန်ပြည်နယ်လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား နှင့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး မွန်ပြည်နယ်လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က (၂၀၂၃)ခုနှစ်၊ မတ်လတွင် The Catalan Institute of Oncology (ICO) နှင့် WHO တို့ ပူးပေါင်းထုတ်ပြန်ထားသော HPV Information Centre မှ အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံး အသက်အုပ်စုမှာ အသက် (၁၅) နှစ်မှ အသက် (၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃)ဦးနှုန်း ဖြစ်ပွားကြောင်း သိရှိရပါကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ ထားပါက နောက်(၅) နှစ်မှ (၈) နှစ်ကြာတဲ့အခါမှာ အသက်(၁၃)နှစ်မှ အသက် (၁၉)နှစ်အတွင်းရှိတဲ့ မိန်းကလေးများမှာ ကင်ဆာဖြစ်စေတဲ့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်(စ်)ပိုး ကူးစက်မှုနှုန်း (၈၃)ရာခိုင်နှုန်း လျှော့ချနိုင်မှာဖြစ်ပြီး အသက် (၁၅)နှစ် မှ (၁၉)နှစ်အရွယ် မိန်းကလေး တွေမှာ အဖြစ်များတဲ့ ကနဦးကင်ဆာ ဖြစ်ပွားမှုနှုန်းကို (၃၁) ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့ (၃)နှစ်စာ မိန်းကလေးများ အားလုံးကို စုပေါင်း၍ (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလတွင် ကျောင်းအခြေပြု ထိုးနှံခြင်းအစီအစဉ်နှင့် (၂၀၂၃)ခုနှစ်၊ အောက်တိုဘာလတွင် ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ဟူ၍ Phase (၂)ခုခွဲ၍ ထိုးနှံပေးသွားမှာဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားသေဆုံးမှုမှ လျှော့ချနိုင်ရန် ထိုးနှံ သင့်သည့် မိန်းကလေးငယ်များအားလုံး လွှမ်းခြုံမှုရရှိနိာင်ရေး သင်တန်းများပေး ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခြင်း၊ ရည်မှန်း လူဦးရေ ကောက်ယူခြင်း၊ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်ကြရန်လိုကြောင်း၊  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးခြင်းလုပ်ငန်းကို မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ဆက်လက်ထိုးနှံသွားမှာ ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမယ့် နှီးနွယ်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများအားလုံး၊ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးမှ မွန်ပြည်နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ် ၊ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine )ထိုးနှံခြင်း အထိမ်းအမှတ် Video Clip ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြသည့် ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ အသီသီးပေးအပ်ခဲ့ကြပြီး ရင်းရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး မွန်ပြည်နယ်လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (SOP) ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်မှုအရ ပြည်နယ်ကော်မတီမှ ထပ်မံ ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီများသည် စာရင်း ကောက်ယူပြုစုရာတွင် ပြည့်စုံမှန်ကန်တဲ့ စာရင်းအချက် အလက်များ ရရှိနိုင်ရေး မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်ရာတွင် အခြေခံ စိစစ်ရမည့် အချက်အလက်များ၊ ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ဖြေရှင်းဆောင်ရွက်နိုင်မည့် အစီအမံများ၊ နောင် ထပ်မံ မဖြစ်ပေါ်စေရေး အတွက် ရေးဆွဲဆောင်ရွက်သင့်သည့် မူဝါဒများကို ရေးဆွဲဆောင်ရွက် ပေးရကြရန်နှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူတဲ့လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ စာရင်း ကောက်ယူ ပြုစုတဲ့ အဖွဲ့များအနေနဲ့ မှန်ကန်တဲ့စာရင်းအချက်အလက် ရရှိအောင် သတိရှိရှိ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပြီး မွန်ပြည်နယ်နှင့် လိုက်လျောညီထွေဖြစ်မည် (SOP) ဖြစ်ဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ယခုအစည်းအဝေးတွင် (SOP) (မူကြမ်း) ရေးဆွဲထားမှုအပေါ် ပြည်နယ်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှပြင်ဆင်၊ ဖြည့်စွက် နိုင်ရေးအတွက်ဝိုင်းဝန်းဆွေးနွေးကြရန်ဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမှ ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုထားရှိသည့်အခြေအနေနှင့် ကွင်းဆင်းစီစစ်ဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်လုပ်ငန်းကော်မတီဝင်များမှ သတ်မှတ်ရက်အတွင်း ကောက်ယူရမည့်အတွက် မြို့နယ်အဆင့် ရပ်ကွက်ကျေးရွာအဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မှန်ကန်မှုရှိစေရေး၊ စာရင်းကျန်မှုများမရှိစေရေး၊ ကိန်းဂဏန်းအချက်အလက်များ စနစ်တကျဖြစ်စေရေး ဆွေးနွေးတင်ပြခဲ့ကြသည်။
အဲဒီနောက်  တက်ရောက် လာသည့်ကော်မတီဝင်များမှ အသီးသီးဆွေးနွေးအကြံ ပြုတင်ပြချက်များ အပေါ် ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ််သည်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

You may also like