
မော်လမြိုင်၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်အတွင်း စည်းကမ်းရှိပြီး စနစ်ကျသည့် လူမှုပတ်ဝန်းကျင်ဖော်ဆောင်၍ အဓိကကျသည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရက်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သလို ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးရေးသည်လည်း များစွာအရေးပါကြောင်း၊ မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟခြင်းကို လျော့ချနိုင်ရန်အတွက် မြို့နယ်များအလိုက် ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်စဉ် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် နှင့်ပတ်သက်သည့် အကောင်ထည်ဖော်ဆောင်ရွက်ရှိရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် မော်လမြိုင်မြို့နယ်အတွင်း စမ်းသပ် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ လူဦးရေ စာရင်းမှန်ကန်မှ မြို့နယ်အတွင်း စမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ကြောင်း၊ လူဦးရေ စာရင်းမှန်ကန်မှ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရေး ဆောင်ရွက်နိင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ အနေဖြင့် မိုးစပါး၊ဆောင်းသီးနှံ၊ပဲမျိုးစုံတို့ကို ရည်မှန်းချက် ဧကအတိုင်း စိုက်ပျိုး နိုင်ရေး အတွက် ရပ်/ကျေး အုပ်ချုပ် ရေးမှူးများက ကူညီပံ့ပိုးဆောင်ရွက်
ပေးကြရန်၊ မွန်ပြည်နယ်တွင် ဆန်ဖူလုံမှု လုံလောက်မှုရှိသော်လည်း၊ စားသုံးဆီ မလုံလောက်သည့်အတွက် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုး သွားကြရန် မှာကြားလိုကြောင်း၊ စားသုံးဆီဖူလုံစွာရရှိပါက ပညာရေး၊ကျန်းမာရေး နိုင်ငံ့စီးပွား ရေးရန်ပုံငွေတွေ တိုးတက်လာပြီး သက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်း အစားထိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာလှျင် MSME လုပ်ငန်း တိုးတက်လာမှာဖြစ်ပါကြောင်း ခရီးသွားများ စိတ်ပါဝင်စား၍ သန့်ရှင်းအောင် ဆောင်ရွက်ထားမှသာ လာရောက် လည်ပတ်သူ များပြားမည် ဖြစ်ကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းများလည်း နေ့စဉ်ပြေးဆွဲနေလျက် ရှိကြောင်း၊ တည်ငြိမ်အေးချမ်းပြီး လုံခြုံစိတ်ချမ်းသာသော မြို့ရွာများဖြစ်လာ၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဆောင် ရွက်ရာမှာလည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး ခရီးသွားများ စိတ်ပါဝင်စားအောင် ခရီးသွားရောက် လည်ပတ်သူ များပြားမှာ ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ပိုမိုတိုးတက်လာစေရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံမှုရှိစေရေး အထူးအလေးပေးဆောင်ရွက်ပေးကြရန်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်သူများရဲ့လိုအပ်ချက်တွေကို ရပ်ကွက်၊ ကျေးရွာများက တာဝန်ယူပြီး တင်ပြ ပေးမှ နီးစပ်ရာ ဘဏ္ဍာရေးနှစ် အတွင်း ထည့် သွင်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ငန်းအပြင် ပြည်သူကို ဗဟိုပြုသော လုံခြုံရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ် ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ် ဉပဒေချုပ် ဦးမြင့်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း တို့မှ အသီးသီးဆွေးနွေးမှာကြားခဲ့ကြပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အတွင်း အုတ်ရေမြောင်း၊ လမ်း/တံတားတိုးချဲ့ခြင်းလုပ်ငန်းများ၊ကတ္တရာလမ်းများ ပြုပြင်ခြင်း၊ ထပ်တိုးလွာတိုးမြှင့်ခြင်း လုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ ခင်းကျင်းပေးစေလိုကြောင်း၊ ကျုးကျော်ဈေးဆိုင်များအားရွှေ့ပြောင်းပေးစေလိုကြောင်း၊ ဟောင်းနွမ်းလျက်ရှိသည့် လျှပ်စစ်ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ လဲလှယ်ပေးနိုင်ပါရန်၊ထရန်စဖော်မာများ ထပ်မံဖြည့်စည်းပေးနိုင်ပါရန်၊ ပညာရေးဝန်ထမ်းများဖြည့်ဆည်းပေးနိုင်ရန် နှင့် ကျောင်းဆောင်များပြုပြင် တိုးချဲ့ဆောက်လုပ်ပေးနိုင်ပါရန် အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဖြည့်စွပ်ဆွေးနွေးတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။













