Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

by Mon Editor

မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးအောာင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ တက်ရောက်သည်။
အစည်းအဝေးတွင်် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့များဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေတိုးပွားလာမှုတို့အရ နောင်အနာဂတ် တွင် မြို့များစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မှလည်း တိုင်းဒေသကြီး / ပြည်နယ်များတွင် မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ထားကြရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ထားရှိပါကြောင်း၊ မြို့များ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေများပြားလာမှုအရ ယာဉ်အသုံးပြုမှု များပြားလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ၊ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ သယ်ယူပို့ဆောင်ရေး စနစ်တကျဖြစ်စေရေး၊ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေး၊ လူနေ အိမ်ရာဇုန်၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်၊ စိမ်းလန်းဇုန်များစသည်ဖြင့် ဇုန်အလိုက် စနစ်တကျ မြို့ပြစီမံကိန်း ရေးဆွဲထားရှိရန် လိုအပ်သလို မြို့ပြစီမံကိန်းရေးဆွဲရာတွင်လည်း မြို့တစ်မြို့နှင့် တစ်မြို့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊ လူဦးရေတိုးတက်မှုနှုန်း၊ ရေမြေသဘာဝ ရာသီဥတု၊ ပို့ဆောင်ရေးစနစ် စသည်ဖြင့် မတူညီသောကြောင့် မြို့တစ်မြို့ချင်း အလိုက် ကိုက်ညီနိုင်မည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သစ်များ ဖော်ဆောင်ရာတွင်လည်း ပါဝင်ရမည့် အင်္ဂါရပ်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားထားပြီး နေအိမ်အဆောက်အဦများ ဆောက်လုပ်ခွင့်ပေးရာတွင်လည်း မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဖြစ်စေရေး သေချာ စစ်ဆေးပြီးမှသာ ခွင့်ပြုဆောင်ရွက်ရန်၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲပြီးသည့် မြို့နယ်များကိုလည်းဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဆန်းစစ်ပြီး ပြင်ဆင်ရေးဆွဲသင့်သည့်
မြို့နယ်များကို ရေးဆွဲရန်၊ ဘဏ္ဍာနှစ်အလိုက် မြို့နယ်များအား မြို့ပြစီမံကိန်း ရေးဆွဲဆောင်ရွက်နိုင်ရေး ဘဏ္ဍာငွေလျာထားရန် လိုအပ် ပြီး Town Plan ရေးဆွဲထားရှိသည့်အတိုင်း သက်ဆိုင်ရာဌာနများအနေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ကောင်းမွန်စနစ်ကျ၍ ရေရှည် မြို့ပြများဖြစ်ပေါ်စေရေးအတွက် မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲ ဆောင်ရွက်ထားရှိရန်နှင့် မြို့ပြစီမံကိန်း ထပ်မံရေးဆွဲ ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ မွန်ပြည်နယ်အတွင်း မြို့ပြ စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။
အဲဒီနောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

You may also like