မော်လမြိုင်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံတွင်များ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန် စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆေးရုံ ပုရိဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သစ်ပင် ခြုံနွယ်များ ခုတ်ထွင်၊ ရှင်းလင်းခြင်း၊ လူအင်အား၊ စက်အင်အားများဖြင့် ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် ပတ်သက်သည့် သစ်ကိုင်းများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လူကုန်တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်လုံခြုံရေးတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်များမှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆေးရုံ အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး ဆေးရုံဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း အများပြည်သူများ ခရီးသွားလာရာ၌ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးနှင့် လွယ်ကူလျှင်မြန်စွာ ခရီးသွားလာနိုင်ရေး အတွက် ရန်ကုန် – မော်လမြိုင် – ရန်ကုန် သီးသန့် လေယာဉ်ခရီးစဉ်များကို နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း မော်လမြိုင်လေဆိပ်သို့ရောက်ရှိခဲ့ကြပြီး မော်လမြိုင်လေဆိပ် ပရိဝုဏ်အတွင်း အပြင် သန့်ရှင်းသာယာ လှပရေး၊ ခြုံနွယ်မြက်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လေဆိပ်ပရိဝုဏ် သန့်ရှင်း သာယာလှရေး အလေးထားဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့မှုရှိစေရေး နှင့် ကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုများ ပေးနိုင်ရန်ဖြင့် လမ်းညွှန်မှာကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်လေဆိပ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






