မော်လမြိုင် စက်တင်ဘာ ၂၄
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးေအာင်ကြည်သိန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင်ဦးစောဒယ်နီရယ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းတို့နှင့်အတူ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ၂ နာရီချိန်က မော်လမြိုင်မြို့ ၊မရမ်းကုန်းရပ်ကွက် မွန်မြတ်သောအိမ်ထောင်စုဘုရားကျောင်း၌ကျင်းပသည့် ခရစ်ယာန်ငြိမ်းချမ်းရေးဗဟိုကော်မတီ မိတ်ဆက် တွေ့ဆုံဆုတောင်းခြင်း အစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။
ရှေး ဦးစွာ Father ဖိလစ်ရွှေ က အဖွင့်ဆုတောင်းပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ အတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာဦးအေးမင်းက မင်္ဂလာနှုတ်ခွန်းဆက်စကားပြောကြားကာ တက်ရောက်လာသူများက အိုသာယာသော မြန်မာပြည်ကျူး ဓမ္မတေးသီးချင်းကို သီဆိုကျူးရင့်ကြသည်။
ယင်းနောက် မော်လမြိုင်ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးကြည်ရှိန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟို ကော်မတီနာယက ဦးစောထွန်းအောင်မြင့်က နိုင်ငံတော်ကြီးသာယာအေးချမ်းရေးအတွက်ခရစ်ယာန်ဆုတောင်းပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း၊မိမိတို့ခရစ်ယာန်ဘာသာဝင်များအေနဖြင့် နိုင်ငံေတာ်ကြီးငြိမ်းချမ်းရေးအတွက်ထိန်းထိန်းသိမ်းသိမ်းနှင့်ညှိနှိုင်းဆွေးနွေးရသည်များရှိကြောင်း၊ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ရန် ယခုကဲ့သို့လာရောက်တွေ့ဆုံဆုတောင်းခြင်းဖြစ်ကြောင်း၊ ယခုအခါ မွန်ပြည်နယ်တွင် ၁၀ ကြိမ်မြောက်တွေ့ဆုံပွဲဖြစ်၍တက်ရောက်လာသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းပြည်သူလူထုငြိမ်းချမ်းအေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် မိမိတို့မှတစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပူးပေါင်းကြိုးစားေဆာင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများကို ဆွေးနွေးတိုင်ပင်အဖြေရှာသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမျိုးစွဲ၊ ဝါဒစွဲများကိုစွန့်လွှတ်၍ ပိုမိုကောင်းမွန် သောအနာဂတ်များကိုဖန်တီးနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က ယနေ့နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေကို ပြန်ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထား ကွဲလွဲမှု၊ ဘာသာရေးအရ အကြောင်းပြုပြီး သဘောထားကွဲလွဲမှုများကိုအကြောင်းပြုပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားပြီး ဒေသတွင်း နိုင်ငံများ နှင့်နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျ ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများ နစ်နာမှုများ မရှိစေရေး နည်းလမ်းတကျ မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက် ၂ရပ် ဖြစ်သည့် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ကိုကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အကြံပေး အဖွဲ့ခေါင်းဆောင်မှ နာယကအဖြစ် ဦးဆောင်ပြီး လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းများကို အားထည့် လုပ်ဆောင်နေကြောင်းကို ကြားသိရသည့်အတွက်လည်း အလွန်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန် ဘာသာဝင်များသည်လည်း တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အကျိုးကိုရှေးရှုပြီး နယ်မြေအေးချမ်းတည်ငြိမ် ရေးကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြလို့ကိုလည်း အထူးပင်မေတ္တာရပ်ခံ တိုက်တွန်း လိုကြောင်းပြောကြားသည်။ ယင်းနောက်မော်လမြိုင် ခရစ်ယာန်အသင်းတော်များကောင်စီ၊ ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊အသင်းတော် ခေါင်းဆောင်များက ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အကြံပြုဖြည့်စွက်ပြောကြားကာ သာသနာပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦးက နိုင်ငံတော်အတွက်အထူးဆုတောင်း၍ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ယင်းနောက်သာသနာပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦးနှင့်မော်လမြိုင်ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးကြည်ရှိန် တို့က ဂါဝရပြုလက်ဆောင်ပန်းခြင်းပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။








