Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း- (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံအား​ပေး၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း- (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံအား​ပေး၊

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ (၂၅)

 မွန်ပြည်နယ်တွင် အနုသုခုမ ယဉ်​ကျေးမှု အ​မွေအနှစ်များ မ​ပျောက်မပျက်​စေ​ရေန် ​ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရွက်ပုန်းသီး ဝါသနာရှင်၊ ပညာရှင်များ ရှာ​ဖွေ​​ရွေးချယ် မွေးထုတ်​ပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ လက်ဆင့်ကမ်းအ‌မွေပေး နိုင်ရေးဆောင်ရွက်လျက်ရှိရာ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၅ ရက်​ ​မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ အမှတ် (၁) အ​ခြေခံပညာအထက်​တန်းကျောင်းတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များစခန်းသွင်း‌လေ့ကျင့်‌ရေးစခန်းသို့သွား‌ရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အား​ပေးသည်။

 ဆက်လက်၍ ပြိုင်ပွဲဝင်များ၏ ​အဆိုဘာသာရပ် ၊အတီးဘာသာရပ်၊ အကဘာသာရပ် လေ့ကျင့်​မှုများကို လည်းကောင်း၊ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်တွင် အဆိုဘာသာရပ်လေ့ကျင့်မှုများကိုလည်းကောင်း၊ ပြည်နယ်ခန်းမ၌ မဟော်သဓာဇာတ်တော်ကြီး လေ့ကျင့်နေမှု များကိုလည်းကောင်းကြည့်ရှုအား​ပေးကာ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များ အ​နေဖြင့် ထူးချွန်ထက်မြက်သည့် ဝါသနာရှင်၊ ပညာရှင်များ ​ပေါ်ထွက်လာ​ရေးနှင့် ပြည်နယ်ဂုဏ်​ဆောင်နိုင်​ရေး အတွက် ကြိုးပမ်း​ယှဉ်ပြိုင်ကြရန်၊ယခုနှစ်တွင်မွန်ပြည်နယ်မှမဟော်သဓာဇာတ်တော်ကြီးကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်သည့်အတွက် ပြိုင်ပွဲသို့ အဆင်​ပြေ​ချော​မွေ့စွာ ဝင်​ရောက်ယှဉ်ပြိုင်​နိုင်ရေး အားလုံးဝိုင်းဝန်းပူး​ပေါင်း​ကူညီ‌ဆောင်ရွက်​ရန် တာဝန်ရှိသူများအား မှာကြားပြီး၊ ​ မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်ချက်များကို‌ ပေါင်းစပ်ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့‌ကြောင်းသိရသည်။

You may also like