Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့် အထောက်အထားများတို့အား အသိပေးရှင်းလင်းခြင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့် အထောက်အထားများတို့အား အသိပေးရှင်းလင်းခြင်းအစည်းအဝေးတက်ရောက်

by Mon Editor

မော်လမြိုင်၊စက်တင်ဘာ ၂၆

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၉-၂၀၂၃ရက်နေ့၊နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ၁၉၉၉ ခုနှစ် ကတည်းက နှစ်စဉ်မပျက်မကွက် ကျင်းပဂုဏ်ပြုခဲ့တာ ယနေ့အချိန်ထိ ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်‌ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ မိမိတို့လုပ်ငန်းတာဝန်များအလိုက် စနစ်တကျ စီစဉ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။  

ထို့နောက် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီများမှ မိမိတို့ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကိုတင်ပြဆွေးနွေးကြပြီး ကျင်းပရေးဦးစီးကော်မတီဝင် ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး အကြံပြုကြကာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာနိဂုံးချုပ်စကားပြောကြားခဲ့သည်။ဆက်လက်၍မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့် အထောက်အထားများတို့အား အသိပေးရှင်းလင်းခြင်းအစည်းအဝေးသို့ တက်ရောက်ပြီး မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်က MSME ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဌ၊ စက်မှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒုဥက္ကဌတို့ပါဝင်၍ အဖွဲ့ဝင် (၁၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊  “MSME ချေးငွေ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ချေးငွေအဆိုပြုလွှာတင်ပြရမည့် အထောက်အထားတို့အား ဒေသဆိုင်ရာအေဂျင်စီများသို့ အသိပေးရှင်းလင်းခြင်း” အခမ်းအနားအား (၁.၉.၂၀၂၃) ရက်နေ့တွင် နေပြည်တော် ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်မှ ဒေသဆိုင်ရာအေဂျင်စီဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်/ခရိုင် အသီးသီးရှိ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များမှ ချေးငွေ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်အား ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့မှ နိုင်ငံပိုင်မီဒီယာနှင့် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ၏ အဓိကလိုအပ်ချက် ဖြစ်သည့် ချေးငွေများလွယ်ကူလျင်မြန်စွာ ရရှိစေရေးနှင့် MSME ချေးငွေများအား Quality Loan ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ထို့နောက် မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ . စီးပွားရေးရာ ဝန်ကြီး ဦးနိုင်လယိတမ မှ ဆွေးနွေးတင်ပြပြီး မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးမှ MSME ချေးငွေ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေ အဆိုပြုလွှာနှင့် တင်ပြရမည့် အထောက်အထားများ၊ SME Agency မှ ဖွဲ့စည်းပေးမည့် ချေးငွေစစ်ဆေးရေးကော်မတီမှ စစ်ဆေးရမည့်အချက်များ၊ချေးငွေထုတ်ချေးရေးဆောင်ရွက်မည့် အစီအစဉ်တို့အား ရှင်းလင်းတင်ပြကာ တက်ရောက်လာသော မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် MSME ချေးငွေစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးများ နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများမှ ဖြည့်စွက် အကြံပြုဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း‌ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။

You may also like