Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သထုံမြို့အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲ အခမ်းအနားတက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သထုံမြို့အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲ အခမ်းအနားတက်​ရောက်

by admin

မော်လမြိုင်၊ ​ေမလ  ၅

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ၅ရက်​နေ့၊ နံနက်ပိုင်းက သထုံ မြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်၊စစ်​​ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊အရှေ့တောင်တိုင်စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဗညားဝင်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာ​မြင့်၊အတွင်း​ရေးမှူး၊  ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်​ရောက်သည်။​ရှေးဦးစွာ အမှတ်(၉)စစ်​အ​ခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ​​​အောင်အောင်ဟိန်းမှ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးပြီးသင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုတံဆိပ်များချီးမြှင့်ကာ သင်တန်းဆင်းမိန့်ခွန်း​ပြောကြားသည်။

ဆက်လက်ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းသင်တန်းသားများကတန်းစိတ်ပုံစံ စစ်ကြောင်းပုံစံဖြင့်​​ အမှတ်(၉)စစ်​အ​ခြေခံလေ့ကျင့်ရေးတပ် တပ်မှူး ဗိုလ်မှူးကြီး ​​​အောင်အောင်ဟိန်းအားချီတက်အလေးပြုကာကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ​ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်း သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အား​ပေး ခဲ့​ကြောင်းသိရသည်။

You may also like