Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေး၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက် တာဝန်ပေးအပ်ပွဲ အခမ်းအနား၊ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေး၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက် တာဝန်ပေးအပ်ပွဲ အခမ်းအနား၊ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

by Mon Editor

မွန်ပြည်နယ်အတွင်း ဆေးရုံများအတွင်း သန့်ရှင်းသာယာလှပ၍ အများပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူနိုင်ကြစေရေးနှင့် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဆေးရုံ ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် ပတ်သက်သည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံများ သန့်ရှင်းမှုများကို အလေးအအနက်ထား ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့ပြီး အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး ဆေးရုံဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၃ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြီးကြပ်သူနှင့် စာရင်းကောက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေ ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် လုပ်ငန်းအချိန်ဇယားအရ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလအတွင်း မော်လမြိုင်မြို့နယ်တွင် စာရင်း ကောက်ကွက် (၃)ကွက်ကို ကောက်ယူသွားမှာ ဖြစ်ပါကြောင်း၊ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူခြင်းသည် သန်းခေါင်စာရင်း လုပ်ငန်းစဉ် အားလုံးကို ပြည့်စုံစွာ ဆောင်ရွက်နိုင်မှုရှိ/မရှိ စမ်းသပ်ခြင်းဖြစ်ပြီး၊ ပင်မ သန်းခေါင်စာရင်းမကောက်ယူမီ (၁)နှစ် အလိုမှာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်အဆင့်အားလုံးကို အစမှ အဆုံးတိုင် စမ်းသပ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်းရာမှာ မေးခွန်းများအပေါ် အများပြည်သူများရဲ့ နားလည်နိုင်မှု၊ နယ်မြေဒေသအလိုက် ကြုံတွေ့နိုင်တဲ့ အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို သိရှိနိုင်မှာ ဖြစ်ပြီး၊ စမ်းသပ်သန်းခေါင်စာရင်းကို Mobile Tablet ဖြင့်ကောက်ယူ မှာဖြစ်ပြီး ပင်မသန်းခေါင် စာရင်းအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း အချိန်မီ ဆောင်ရွက်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်တဲ့ အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်းဆုံး ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း၊ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် လူဦးရေနှင့် အိမ်အကြောင်းအရာ ပင်မသန်းခေါင်စာရင်းကို အဆင်ပြေချောမွေ့၊ လွယ်ကူအောင်မြင်စွာ ကောက်ယူ နိုင်ရေးအတွက် ယခုကောက်ယူမယ့် စမ်းသပ်သန်းခေါင် စာရင်းမှာ တွေ့ကြုံရမည့် အခက်အခဲများ အားသာချက်၊ အားနည်းချက်များ လိုအပ်ချက်များကို စနစ်တကျကောက်ယူ ကြစေရေးနှင့် သန်းခေါင်စာရင်းကော်မတီများမှလည်း ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မွန်ပြည်နယ်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်က သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့် ကြီးကြပ်သူနှင့် စာရင်း ကောက်တို့ထံ စာရင်းကောက်ဝတ်စုံများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီ လိုက်လံနှုတ်ဆက်ခဲ့သည်။
မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်ထုတ်လုပ်ခြင်းနည်းပညာများကို မျှဝေပို့ချပေးခဲ့တဲ့ အစီအစဉ်လေးဖြစ်လို့ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးပင် အကျိုးရှိတဲ့အစီအစဉ်ဖြစ်ပါကြောင်း၊ ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ စီးပွားဖြစ် ထုတ်လုပ်နိုင် ခြင်းဖြင့် ဈေးကွက်နှင့် အရည်အသွေးယှဉ်ပြိုင် နိုင်စွမ်းတိုးမြှင့်ပေးနိုင်အတွက် အထောက်အကူဖြစ်စေရန်၊ သွင်းကုန် အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် လာနိုင်ရန်နှင့် ဖြန့်ဝေပေးမယ့်နည်းပညာများမှာ ဒေသတွင်း အများအပြားထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် နိုင်စေရန်အတွက် သင်တန်းအား စနစ်တကျဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ အခြေခံထွက်ကုန်တွေဟာ မွန်ပြည်နယ်မှာ အများအပြားရနိုင်တာ ဖြစ်တဲ့အတွက် ယခုပို့ချသည့် သင်တန်း နည်းပညာများကို MSMEs လုပ်ငန်းရှင်များက ဆက်လက် ဆောင်ရွက်ကြရမှာဖြစ်သလို လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့နည်းပညာတွေ ပါဝင်တဲ့အတွက် စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးနှင့် ညီညွတ်သော လူသုံးကုန်/ စားသောက်ကုန်များ ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် သင်တန်းနည်းပြ တာဝန်ရှိသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းတက်ရောက်သူ MSMEsလုပ်ငန်းရှင်တစ်ဦးမှ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး မွန်ပြည်နယ် ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

You may also like