Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းကျောင်းဆောင်များမွမ်းမံပြင်ဆင်နေမှုနှင့်စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းကျောင်းဆောင်များမွမ်းမံပြင်ဆင်နေမှုနှင့်စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင်၊ အောက်တိုဘာ ၃ 
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ဩဂုတ် (၄)ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့်  နှစ်ထပ်စာသင်ဆောင်အား တစ်ထပ်ကျောင်းဆောင်အဖြစ် နှင့် သုံးထပ်စာသင်ဆောင်အား နှစ်ထပ်ကျောင်းဆောင် အဖြစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေး တာဝန်ခံများ ၊ကျောင်းအကျိုးတော်ဆောင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် (၂)လ ကာလအတွင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ စာပြန်လည်သင်ကြားမှုအပိုင်းတွင် အခက်အခဲ မရှိစေရေးအတွက် အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စာသင် ကျောင်းဆောင်များအတွင်း ကလေးငယ်များပညာသင်ကြားနေမှုကိုလည်းကောင်း၊ နှစ်ထပ် ကျောင်းဆောင် ပြုပြင် မွမ်းမံနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အသစ် တည်​ဆောက်လုပ်လျက်ရှိ‌သည့်  အလျား (၁၀၀)ပေ၊ အနံ(၃၀)ပေ R.C.C (၃)ထပ်အဆောက်အဦသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူမှ ဆောက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီစွာ စေတနာထား ဆောက်လုပ်ရေး မှာကြားကာ တာဝန်ရှိသူများအားလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများသည် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် သန်းခေါင်စာရင်း ကော်မတီဝင်များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း၏ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာ ဖြေကြားခြင်းဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

You may also like