Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ကျောက်တန်းစက်မှုနယ်မြေ တိုးတက်အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေ ကြည့်ရှူ အားပေး၊ စက်မှုနယ်မြေ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ကျောက်တန်းစက်မှုနယ်မြေ တိုးတက်အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေ ကြည့်ရှူ အားပေး၊ စက်မှုနယ်မြေ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

by Mon Editor

မော်လမြိုင်၊ အောက်တိုဘာ ၄
မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များစီးပွားဖြစ် ထုတ်လုပ်နိုင် ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် လာနိုင်ရေးတို့ကို ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ကျောက်တန်းစက်မှုနယ်မြေရှိ ငွေမိုးကွန်ကရစ် ဘိလပ်မြေဖျော် စက်ရုံသို့ရောက်ရှိခဲ့ကြပြီး စက်ရုံအစည်းအဝေးခန်းမဆောင်၌ ကျောက်တန်းစက်မှုနယ်မြေ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ရှေ့လုပ်ငန်းစဉ်များ  ဦးတည်ချက်များနှင့်အညီ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် စက်မှုလုပ်ငန်းများ၊ ဒေသထွက်ကုန်များအား တန်ဖိုးမြင့် ထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးရေရှည်အကျိုး ဖြစ်ထွန်းမှုကို ရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဟန်ချက်ညီစေရန်အတွက် MSMEs လုပ်ငန်းများကို အဓိက ဆောင်ရွက်ကြရန်လိုအပ်သလို စက်ရုံ၊ အလုပ်ရုံများကိုလည်း နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားရေရိက္ခာဖူလုံမှုရှိစေရေး၊ ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမိုရရှိလာစေရေးတို့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်အခိုင်အမာရရှိ အောင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်တန်းစက်မှုနယ်မြေဥက္ကဌ ဦးမြတ်မင်းမှ စက်မှုနယ်မြေအတွင်း ထုတ်ကုန်လုပ်ငန်းများ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျောက်တန်းစက်မှုနယ်မြေ၊ စက်မှု၊ လုပ်မှု လုပ်ငန်းရှင်များက စက်မှုနယ်မြေအတွင်း လိုအပ်ချက်အား တင်ပြ ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လွယ်ကူ အဆင်ပြေနိုင်ရေး စက်မှုနယ်မြေအတွင်း ငွေမိုးကွန်ကရစ် ဘိလပ်မြေ စက်ရုံ ကွန်ကရစ် ဘိလပ်မြေဖျော်လုပ်ငန်းများ၊ ၎င်းကွန်ကရစ် ဘိလပ်မြေများအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုလှထွန်း (ငရုပ်သီးမှုန့် ) အမှုန့်မျိုးစုံ လုပ်ငန်း စက်ရုံသို့သွားရောက်ကြည့်ရှုခဲ့ကာ ဒေသထွက် စားသောက်ကုန်ထုတ် အမှုန့်လုပ်ငန်း များအား ပြည်နယ်တွင်းအပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအားသို့ လည်းကောင်း၊ ထိုင်းနိုင်ငံသို့ ပြည်ပပို့ကုန်အဖြစ်လည်းကောင်း ထုတ်လုပ်ဖြန့်ချီဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထိုနောက်  မွန်ပြည်နယ်၏ အဓိကနှင့် အများဆုံး ဒေသတွင်း ထွက်ကုန်ဖြစ်သည့် မြန်မာ့ရော်ဘာအား တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံသို့ နိုင်ငံခြားဝင်ငွေရရှိစေရေး ထုတ်လုပ်ဆောင်ရွက်နေသည့် M Rubber ကုမ္ပဏီလီမိတက်တွင် ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်းများမှ ကုန််ချောထုတ်လုပ် ပြည်တွင်းပို့ကုန် ထုတ်လုပ်ဆောင်ရွက်နေသည့် လုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာရော်ဘာထုတ်ကုန်အား နိုင်ငံတကာသို့ မိမိတို့တင်သွင်းသော ရာဘာပြားများအား နိုင်ငံတကာမှအဆင့်မှီ အသိအမှတ်ပြု လာစေရေးဆောင်ရွက်ကြရန်နှင့် ပြည်နယ်အတွင်း ရော်ဘာ ထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကျောက်တန်းစက်မှုနယ်မြေ အတွင်းရှိ ရွှေဝါမြေ  ဝဥ အခြောက်ခံစက်ရုံသို့ရောက်ရှိခဲ့ကြပြီး ပြည်နယ်အတွင်းထွက်ရှိသည့် ဝဥများကို အစို၊ အခြာက် ခွဲခြမ်းသည့်နည်းပညာဖြင့် ပြည်တွင်းအပြင်၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံခြားဝင်ငွေရရှိစေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန် များအား တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ကျောက်တန်းစက်မှုနယ်မြေ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်မှုနယ်မြေအတွက် လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

You may also like