
မော်လမြိုင်၊ နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နိုဝင်ဘာ၇ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီးများ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ေရးဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်ပြည်ထောင်စုအစိုးရအဖွဲ့မှပေးအပ်သောလုပ်ငန်းတာဝန်များ၊ပြည်ထဲရေးဝန်ကြီးဌာနမှပေးအပ်သောလုပ်ငန်းတာဝန်များ၊ဌာန၏ပင်မလုပ်ငန်းတာဝန်များနှင့်အခြားဝန်ကြီးဌာနများမှပေးအပ်သောလုပ်ငန်းတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ဦးတည်ချက် ၉ ရေ နှစ် ကောင်ထည်ဖော်ဆောင်ရွက်ရသည့်ဌာနတစ်ခုဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးလုပ်ငန်း၏ အဓိကကျောရိုးဖြစ်ပြီး
အုပ်ချုပ်ရေးလမ်းကြောင်း ခိုင်မာတည့်မတ်အောင် ဥပဒေနှင့်အညီအကောင်အထည်ဖော်ပေး နေရသောဌာနဖြစ်သောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်သောဝန်ထမ်းများမှ တာဝန်ခံမှု၊တာဝန် သိမှု၊တာဝန်ရှိမှုဆိုသည့် စံနှုန်းများနှင့်အညီ သိရှိလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်သလို ပေးအပ်သည့်လုပ်ငန်းတာဝန်များကို နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံတကာအမြင်များဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပြီး ဌာနတွင်တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအနေဖြင့်လည်း ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ လျင်မြန်သွက်လက်စွာဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းများကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် မွန်ပြည်နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မော်လမြိုင်မြို့နယ်အတွင်းဆောင်ရွက်ခဲ့ရာတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြမှုကို အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအားလုံးဟာ ခေတ်အဆက်ဆက်အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှာ တွေ့ကြုံရသည့် အခက်အခဲများကို စိန်ခေါ်မှုအဖြစ် မှတ်ယူကျော်လွှားပြီး အဂတိတရားကင်းရှင်းစွာဖြင့် ဌာန၏ ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းမှန်ကန်စွာဖြင့် လိုက်နာဆောင်ရွက်သွားကြရန်အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်သွားကြရန်၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ နိုင်ငံတော်မှ ပေးအပ်သောလုပ်ငန်းတာဝန်များကို ကျရာနေရာမှပါဝင်ပြီး တာဝန်ကိုကျေပွန်စွာ ဦးစီး မိမိဆောင်ရွက်ကြရန်၊ အမိနိုင်ငံတော်အတွက် ဝန်ထမ်းကောင်းများဖြစ်အောင် စေတနာ၊ အနစ်နာ၊ ဝါသနာတို့ဖြင့် ကျန်းမာရွှင်လန်းစွာဖြင့်တာဝန်များအားထမ်းဆောင်ခြင်းဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့မှသည် ပြည်သူ့အကျိုး၊ ဒေသအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုးဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များ” Vides. Clip အား ပြသခဲ့မှုအား ကြည့်ရှုအားေပးကြပြီး ကန်တော့ခံမွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အငြိမ်းစားပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျင်ဖေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်စဉ်သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့်တူညီဝတ်စုံများ ပေးအပ်ခဲ့ရာပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကအသီးသီး လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဌာနမှစေလွှတ်သည့် သင်တန်းများတွင် စစ်ရေးပြထူးချွန်ဆုရရှိသူ(၂)ဦးအား အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန(ရုံးချုပ်)မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်(၅)သောင်းနှင့် မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်ဆောင်းချီးမြှင့်သည့်ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်းအား ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များမှ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက် မှတ်တမ်းများအား Video Clipဖြင့် ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများများက ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီးများအား ဂါရပြု ကန်တော့ခဲ့ကြသည်။
မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကို ယနေ့နံနက်ပြိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ ခွဲဝေချထားပြီးဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် Standard Operating Procedure ( SOP ) ကိုလည်း ရေးဆွဲ ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းပေးအပ် ထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို သုံးစွဲရာတွင် မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက် အဆိုပြုထုတ်ချေးငွေအပေါ် လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး သွားရမည့်အပြင် လုပ်ငန်းဆောင်ရွက်မှု အားနည်းပါက အမှန်တကယ် လုပ်ဆောင်ရန် တိုက်တွန်းခြင်း၊ လုပ်ဆောင်ခြင်းမရှိပါက ခေါ်ယူ သတိပေးခြင်းဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းအပေါ် သက်ဆိုင်ရာ ဌာနများသည် ရန်ပုံငွေကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးစွဲရမည်ဖြစ်ပြီး စာရင်းစစ်ဆေးမှုခံနိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိကြရမည်ဖြစ်ကြောင်း၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့်လုပ်ငန်းများကို ဦးစားပေးကဏ္ဍ အနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ရန်ပုံငွေသုံစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်စေရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ် စီးပွားရေးရာဝန်ကြကြီးက မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေ စီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။
အဲဒီနောက် တက်ရောက်လာကြသော ကော်မတီဝင်မှ မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် လုပ်ငန်း အခြေအနေများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးထားမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်အကြံပြုဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

























