Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်​ရောက်၊ ​မော်လမြိုင်မြို့၊ တန် (၉၀) ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအ​ခြောက်ခံစက် တည်​ဆောက်​​နေမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး၊ ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်​ရောက်၊ ​မော်လမြိုင်မြို့၊ တန် (၉၀) ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအ​ခြောက်ခံစက် တည်​ဆောက်​​နေမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး၊ ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျိုက်မရောမြို့နယ်၌ ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ မွန်ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်ခန်းမ)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ​ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ တစ်စိုက်မတ်မတ် အ​လေးထား အ​ကောင်အထည်​ဖော်ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြား ပေးခြင်း၊ အားပေးကူညီခြင်းနဲ့ ထွက်ရှိလာတဲ့ ထုတ်ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျမှတ်ပုံတင်ပေးခြင်းတို့အပြင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိ​ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံစီးပွားရေးအတွက် အဓိက မောင်းနှင်အား ဖြစ်တဲ့အတွက် MSME လုပ်ငန်းများကို အားပေးကူညီခြင်းက နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာ ရောက်သလို ပြည်တွင်းထုတ်ကုန် ပမာဏကို တိုးမြှင့်ရန်၊ ထွက်ရှိလာတဲ့ ကုန်ချောပစ္စည်းများကို အရည်အသွေးကောင်းမွန်စွာနဲ့ ဒေသတွင်း ဈေးကွက်မှာလည်း ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးရောင်းချနိုင်ရုံသာမက ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်​ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ​ရေး ဝိုင်းဝန်း ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ ​ပြောကြားသည်။
ဆင်လက်ပြီး မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အသေးစား ကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်မိသားစု ဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများအား  သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်ခဲ့ကြသည်။
ယင်း​နောက် ကျိုက်မရောမြို့နယ်၌ ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း  ထူထောင်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများသင်တန်းမှ ကိုယ်စားလှယ်တစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်က ခန်းမအတွင်းခင်းကျင်းပြထားသော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်ထားရှိမှု ထုတ်ကုန်များနှင့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ စားသောက်ကုန် ထုတ်လုပ်မည့် သင်တန်းသူ၊သင်တန်းသားများအား ​ရင်းရင်းနှီးနှီး​လိုက်လံ နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး ထွက်ကုန်များကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များပိုမိုအားကောင်းစွာ ထုတ်လုပ်နိုင်​ရေးနှင့် ဒေသတွင်း တောင်သူများ စီးပွားရေး အခွင့်အလမ်းများကောင်းမွန်စေ​ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယ​နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ​ဇေယျာသီရိရပ်ကွက်၌ တည်​ဆောက်​နေသည့် ​ရွှေမြိုင်စိုက်ပျိုး​ရေးနှင့် အ​ထွေ​ထွေ​ရောင်းဝယ်​ရေး သမဝါယမအသင်း၊ တန် (၉၀) ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအ​ခြောက်ခံစက် တည်​ဆောက်​ရေးစီမံကိန်းသို့​ရောက်ရှိခဲ့ကြပြီ စက်ရုံတည်​ဆောက်​ရေး တာဝန်ခံမှ စပါးကြိတ်ခွဲစက်နှင့် စပါးအ​ခြောက်ခံစက် အပိုင်းလိုက် တည်​ဆောက်ပြီးစီး​နေမှုအ​​ခြေအ​နေများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ထွက်ရှိသည့် ဆန်စပါးများ အလေအလွင့်မရှိရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်​ပေးကြရန်၊ ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်​ရေးအတွက် သမဝါယမကဏ္ဍမှ တစ်ဖက် တစ်လမ်း ပါဝင်ဆောင်ရွက်ရန်နှင့် ဆန်ကြိတ်စက်ကြီးများ တည်​ထောင်ခြင်းဖြင့် ဆန်နှင့် စိုက်ပျိုး​ရေးထုတ်ကုန်များကို အရည်အသွေးမီ ထုတ်လုပ်နိုင်​​ရေးနှင့် တောင်သူများဝင်​ငွေတိုးတက်လာ​စေ​ရေး အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ကြရန်ဖြင့် လမ်းညွှန်မှာကြားသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန် (၉၀) ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအ​ခြောက်ခံစက် တည်​ဆောက်​​နေမှုအ​ခြေများအား ကြည့်ရှုစစ်​ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဆရာ​တော်သံဃာ​တော်အရှင်သူမြတ်များကို ပင့်ဖိတ်၍ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည် ဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ဖြစ်သည့်အတွက် အလှူရှင်များအ​နေဖြင့် တတ်အားသ​ရွေ့ စု​ပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း၊ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ​လမ်းညွှန်မှာကြားသည်။
အဲဒီ​နောက် တက်​ရောက်လာကြသည့် အခမ်းအနားကျင်းပ​ရေး လုပ်ငန်း​ကော်မတီအသီးသီးမှ (၁၃) ကြိမ်​မြောက် စု​ပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်​ရေး  ​သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

You may also like