Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​ကျောင်းအပ်နှံ​ လက်ခံ ဆောင်ရွက်​ပေး​​နေမှုအ​ပေါ် ကြည့်ရှုအား​ပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​ကျောင်းအပ်နှံ​ လက်ခံ ဆောင်ရွက်​ပေး​​နေမှုအ​ပေါ် ကြည့်ရှုအား​ပေး

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၂၃
မွန်ပြည်နယ်အတွင်း ပညာ​ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီကရီ​ကောလိပ်များတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​ကျောင်းအပ်နှံ​ လက်ခံ ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများသည် ယ​နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ပထမနှစ်မှ ပါရဂူတန်းအထိ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​ကျောင်းအပ်နှံ​ လက်ခံ ဆောင်ရွက်​ပေး​နေ အ​ခြေအ​နေတို့ကို ကြည့်ရှုအား​ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ​မော်လမြိုင်တက္ကသိုလ်ရှိ ပညာသင်နှစ်အသီးသီးမှ အထူးပြုဘာသာရပ်အလိုက် ပထမနှစ်ဝက်၊ဒုတိယနှစ်ဝက်များဖြင့် ဖွင့်လှစ်သင်ကြား​ပေး​နေမှုအ​ပေါ် လိုက်လံကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီ​နောက် ​မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံးသုံးခန်းမ အစည်းအ​ဝေးခန်းတွင် မော်လမြိုင်တက္ကသိုလ် ဒုတိယပါ​မောက္ခချုပ် ​ဒေါက်တာခိုင်ခိုင်စန်းမှ မော်လမြိုင်တက္ကသိုလ်ဘာသာရပ်အလိုက် ​ကျောင်းအပ်နှံ လက်ခံ ​ဆောင်ရွက်​ပေးမှုများ၊ ဖွင့်လှစ် သင်ကြား​ပေး​နေမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအား တစ်ဆင့်ပြီးတစ်ဆင့် ပညာ ဆက်လက်သင်ယူနိုင်ရန်အတွက် ဆရာ၊ ဆရာမများအနေဖြင့် မိမိကျရာ အခန်းကဏ္ဍမှ  ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်သလို ကဏ္ဍအသီးသီးမှ လိုအပ်သည်များကိုလည်း ဖြည့်ဆည်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း၊ တက္ကသိုလ်၊ ဒီကရီ​ကောလိပ်များတွင် ပညာသင်နှစ်အလိုက် ​ကျောင်းသား၊ ​ကျောင်းသူများ၊ စိတ်​အေးချမ််းသာစွာ၊ ပညာသင်ကြားနိုင်​ရေး​ဆောင်ရွက်​ပေးကြရန်နှင့် တက္ကသိုလ်၏ သွင်ပြင်လက္ခဏာ​ပေါ်လွင်​စေ​ရေးနှင့် ​တက္ကသိုလ် ပုရဝုဏ် သန့်ရှင်းသာယာမှုရှိ​စေ​ရေး ဆောင်ရွက်ပေးကြ​စေလို​ကြောင်းဖြင့် လမ်းညွှန်အမှာစကား​ပြောကြားခဲ့ကာ ​​မော်လမြိုင် တက္ကသိုလ်တာဝန်ရှိသူများမှ သင်ကြားပို့ ချနေသည့် ဆရာ၊ ဆရာမများ၏ ကြုံတွေ့ရသည့် အခက်အခဲများ၊ အရည်အချင်း ပြည့်ဝ၍ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိသည့် အ​ခြေအ​နေများနှင့် ပတ်သက်၍ ​ဆွေး​နွေးတင်ပြခဲ့ကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့ကာ မော်လမြိုင်တက္ကသိုလ်ရှိ ပါ​မောက္ခ၊ ဌာနမှူးများ၊ ကတိက၊ လက်​ထောက်ကတိကများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​နိုဝင်ဘာလ ၂၃ ရက်​နေ့အထိ ​ကျောင်းသား၊ ​ကျောင်းသူ (၅၈၆၁) ဦးကို ​ကျောင်းအပ်နှံ လက်ခံ ​ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

You may also like