Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းပွဲ အခမ်းအနားတက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းပွဲ အခမ်းအနားတက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၂၄ မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော် (၅)ရက်တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော်ခဲ့ရာ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ပဌာန်းဓမ္မာ​ရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော် သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်၍ ​ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့ နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ ပရိယတ္တိပထမကျော် နှင့် ဓမ္မာစရိယငါးဘွဲ့ရဆရာတော် ဘဒ္ဒန္တပညာဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်  အနုမောဒနာ တရားနာယူ ကြည်ညို၍ ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြပြီး ရုပ်သိိမ်းခဲ့ကြသည်။ အဲဒီ​နောက်် ပြည်နယ်ဝန်ကြီးချုပ်က ​ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို လှည့်လည် ဖူး​မြော်ကြည်ညို၍ ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်ရှိ တန်း​ဆောင်၊ ပြသာဒ်အချို့အား ပြန်လည် ပြုပြင်မွမ်းမံနိုင်​ရေး ကြည့်ရှု၍ တာဝန်ရှိသူများနှင့် ​တွေ့ဆုံကာ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။

You may also like