
မော်လမြိုင်၊ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသာယာလှပပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့မှုများ ရရှိစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာနိုင်စေရေးအတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များရှင်းလင်းခြင်းဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ရိုးတန်းလမ်းတစ်လျှောက် လမ်းဘေး၊ ဝဲ၊ ယာ သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိအခြေအနေအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရှိစေရန်နှင့် မြို့၊ ရွာ ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်၊ ၂ဝ၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေစသည့် ထိခိုက်လွယ် အုပ်စုများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပွားစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များကိုသာမက ကျား၊ မ အခြေပြုအကြမ်းဖက်မှုကိစ္စရပ်များကိုပါ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသလို အမျိုးသမီးကော်မတီများ အဆင့်ဆင့်မှလည်း အမျိုးသမီးများအပေါ် နည်းလမ်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်စေရေး၊ ဥပဒေကြောင်းအရ ပိုမို အကာအကွယ်ပေးနိုင်ရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရန်နှင့် တုံ့ပြန်မှုများ ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် မူဝါဒများချမှတ်ဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေး အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂ဝ၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Video Clip အားပြသမှုနှင့် မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသူလေးများ၏ Fitness Dance အက ဖြင့် ဖျော်ဖြေတင်ဆက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ ဖျော်ဖြေတင်ဆက်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ခန်းမအတွင်း ခင်းကျပြထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်၊၂ဝ၂၃ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူရှိသူများ တက်ရောက်၍ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အသက် (၁၈) နှစ်အောက် အမျိုးသား ကျိုက်မရောမြို့နယ် ဘော်လီဘောအသင်းနှင့် သံဖြူဇရပ်မြို့နယ် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာဘော်လီဘောလူမှုရေးအသင်းသို့ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ဘော်လီဘောအသင်း တာဝန်ရှိသူများက ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင်လူကြီးများ၊ ပြိုင်ပွဲအစအဆုံးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မွန်ပြည်နယ် ဘော်လီဘောလူမှုရေးအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများက အသက် (၁၈) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ၊ ပွဲစဉ်အလိုက်အကောင်းဆုံး အားကစားသမားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ တွင် ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ပွဲစဉ်အလိုက်အကောင်းဆုံး အားကစားသမားဆုများအား လည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထဆုရှိသည့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြိုင်ပွဲဝင် ဘော်လီဘော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
























