Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

by Mon Editor

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ပညာညီလာခန်းမ၌  ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ေအာင်ကြည်သိန်း ၊ပြည်နယ်တရားလွှတ်‌ေတာ်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦး‌‌ေအာင်ကြည်သိန်းးက ယခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ပေးတဲ့ ဆောင်ပုဒ်ကတော့ ” United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့ ” ဆိုတာပဲ ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် / အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကို ၁၉၉၄ ခုနှစ်မှစတင်၍ အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် အကြိမ် (၃၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့်လည်း မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာ မွန်ပြည်နယ်ကော်မတီကို အမျိုးသားကော်မတီ၏ (၃၁.၁.၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၃ ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒါကြောင့်မို့ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးမှာ ကူညီနိုင်သူ၊ အင်အားရှိသူတွေဟာ မျက်ကွယ်ပြု လျစ်လျူရှု မနေပဲ မသန်စွမ်းသူ တွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း၊မသန်စွမ်းသူတွေ လူ့အသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမှု မရှိဘဲ သာမန်လူများကဲ့သို့ အများနည်းတူ တန်းတူအခွင့်အရေး ရနိုင်ဖို့၊ လူ့ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ ဦးဆောင် နိုင်စွမ်းတွေ ရှိဖို့အတွက် ပံ့ပိုးကူညီပေးဖို့က လူ့အဖွဲ့အစည်းအတွင်း မှာရှိတဲ့ လူသားတိုင်းမှာ တာဝန်ရှိပါကြောင်း၊ပြည်သူများအနေနဲ့ မသန်စွမ်းမှုကို အကြောင်းပြုလို့ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုကြဖို့နှင့် မသန်စွမ်းသူ များ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများ ကို အလေးထား အသိအမှတ်ပြုပေးကြကာ မသန်စွမ်းသူများ၏ အခွင့်အရေးတန်းတူ ညီမျှမှု ပိုမိုရရှိစေရန် ဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုကြောင်းဖြင့်ပြောကြားသည်။  

ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ကုလသမဂ္ဂမှ ပေးပို့သော UN Message Video Clipကိုလည်းေကာင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသခြင်းအားလည်းကောင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးကံထူးအောင်မှ စည်းလုံးခြင်းရဲ့သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ပေးသော ကျိုက်ထိုမြို့နယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးကံထူးအောင်နှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလာနိုင်ရေး သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ထားသည့် “ Royal Mawlamyine Hotel “မှ တာဝန်ရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်၍ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများကို မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ဂုဏ်ပြုဆု‌ေငွများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။



You may also like