Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လမ်းလျှောက်ပွဲ ပါဝင် ဆင်နွှဲ၊ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လမ်းလျှောက်ပွဲ ပါဝင် ဆင်နွှဲ၊ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဒီဇင်ဘာ ၂
အားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း” သည် အရွယ်သုံးပါးမရွေးလုပ်ဆောင်သင့်သည့် အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်း‌ေလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ စတင်ပြီး၊ ဗဟိုလမ်း၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်သူများသည် ရာမညအားကစားကွင်းအတွင်း သွေးပူလေ့ကျင်းခန်း အတွဲ(၁)နှင့်အတွဲ(၂)၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရာမညအားကစားကွင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အောင်ပွဲရ မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင် ၊အုပ်ချုပ်သူ၊ နည်းပြ နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့၍ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအသင်းမှ အားကစားသမားများကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုကိုယ်စား ဂုဏ်ပြုချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်း အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသား (၂)ယောက်တွဲ ကြေးတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အောင်မြင်မှုများရရှိခဲ့ခြင်းဟာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု ၊ စေတနာရှင် ၊ အလှူရှင် ၊လုပ်ငန်းရှင်များ၏ ထောက်ပံ့ကူညီမှုများကြောင့်ဖြစ်သလို အားကစားသမားများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ဖြစ်ကြောင်း၊ အားကစားအဆင့်အတန်းဟာ အနာဂတ်မှာ ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်အောင် ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးရမှာဖြစ်ပြီး ပြည်နယ်ဂုဏ်သာမက နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းနည်းပြ ဒေါ်နွယ်နွယ်ထွေးမှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်အမျိုးသား (၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းအား မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးနိုင်လယိတမက လည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ရွှေ(၁)ဆု ၊ ငွေ(၁)ဆု၊ ကြေး(၁)ဆု ရရှိသောအသင်းအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က လည်းကောင်း၊ အောင်ပွဲရမွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား မွန်ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီမှ ဦးတင်မျိုးသွင်က လည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် တံခွန်စိုက်ဒိုင်း ဆုရရှိသော မွန်ပြည်နယ်အသင်းအား ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူ ဦးရန်နိုင်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

You may also like