Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၊PPTT အမှတ်စဉ်(၁ဝ/၂ဝ၂၃) နှင့်လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်တို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား၊ကလေး အလုပ် သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီ၏ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၊PPTT အမှတ်စဉ်(၁ဝ/၂ဝ၂၃) နှင့်လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်တို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား၊ကလေး အလုပ် သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီ၏ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင် ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်)
မောင်မယ်သစ်လွင်များနှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၃) သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ‌ေမာ်လမြိုင်ပညာ‌ေရးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပရာ ပြည်နယ်
ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်််် ဌာနဆိုင်ရာများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက တို့ဆရာ သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတစ်နိုင်ငံရဲ့တည်ဆောက်ရေး၊ ခေတ်မီရေး၊ ရှင်သန်ရေး ၊ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အခြေခံအုတ်မြစ်မှာ ပညာရေးဖြစ်ပြီး ပညာသင်ကြားရေး၏ ရည်မှန်းချက်မှာ နိုင် ငံတစ်နိုင်ငံ၏ အဖူး၊ အညွန့်များဖြစ်ကြသည့် ကလေးသူငယ်တို့အား ကျန်းမာသန်စွမ်းသော ကိုယ် ကာယ၊ ထက်မြက်သော ဉာဏ် ၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့်ပြည့်စုံစေ၍လူသားအချင်း ချင်းစုရုံးပြီး အပေါင်းအသင်းနှင့်
စုဝေးနေထိုင်လုပ်ကိုင်ဆောင်ရွက်သွားတတ်ကြစေရန် အခြေခံအားဖြင့် ပြုစုပျိုးထောင်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရဟာ
ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကို ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အခြေခံပညာရဲ့အခန်းကဏ္ဍကို ချန်လှပ်ထားလို့မရကြောင်း၊ တိုင်းပြည် တစ်ပြည်ရဲ့အနာဂတ်ဟာ ဆရာတွေရဲ့လက်ထဲမှာရှိ၍ အခြေခံပညာဆရာ၊ ဆရာမများဟာ နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးပါတဲ့ ပညာရေးကဏ္ဍရဲ့ အားထားရတဲ့ လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင် အတတ်ပညာရှင်များစွာကို မွေးထုတ်ပေးကြ ရသူများဖြစ်ကြောင်း၊နိုင်ငံတော်ရဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့ ကျောင်းသားလူငယ်များကို ဗလငါးတန် ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးရမည့် သူများလည်းဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်းက ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ ပြိုင်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူအား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့သည်။
ယင်းနောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းတွင် ဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား ၊ ကျောင်းသူများက ပြည့်ရတနာ သီချင်းဖြင့် ကပြဖျော်ဖြေနေမှုကို လည်းကောင်း၊ Fitness dance အကဖြင့်ဖျော်ဖြေတင်ဆက်ခြင်းကိုလည်းကောင်း၊ ကျောင်းသား ၊ ကျောင်းသူများက သာစွဌာနေရာမညမြေသီချင်းဖြင့် လည်းကောင်း၊ ကျောင်းသား၊ကျောင်းသူများက ဒို့ကျောင်းတော်၏အနာဂတ်ကြယ်ပွင့် သီချင်းဖြင်းလည်းကောင်း သီဆိုဖျော်ဖြေကပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ
ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ၅ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(မော်လမြိုင်ခရိုင်ရုံး)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး
ဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကမြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုး သားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃)၏ ရည်မှန်းချက် ၃ ရပ် အနက် တစ်ရပ်မှာ “အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှား ပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရန်နှင့် သက်မွေး ပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ ၅နှစ် စီမံချက် (၂၀၁၉ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ) တွင် “ အရည်အသွေးရှိသည့် လုပ်သား အင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်း ကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သောအလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ် စားလုပ်ငန်း ဈေးကွက်များမြှင့်တင်ခြင်း၊
ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊
အလုပ်အကိုင်ပေးလိုသော ဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊
မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ် ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်း ပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း၊ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်များ
ရရှိအောင် ကြိုးစားစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀ )ဦးဖြင့် ဒီဇင်ဘာ(၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

You may also like