Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား၊ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားနှင့် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား၊ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားနှင့် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

by Mon Editor

မော်လမြိုင်    ဒီဇင်ဘာ    ၁၃

“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင်အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ တောင်သူဦးသိန်းဝင်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူမျာ၊ နေကြာစိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါးသီးနှံရိတ်သိမ်းပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံနှင့်နေကြာစိုက်ပျိုးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အတွင်း မိုးစပါးကို ရာနှုန်းပြည့် ကျော်လွန် စိုက်ပျိုးပြီးဖြစ်၍ နွေစပါးအပါအဝင် နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားရန်လိုကြောင်း၊  ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးသည့် နည်းစနစ်များ၊ သွင်းအားစုများ ကိုလည်း အဖက်ဖက်မှ ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊တောင်သူများအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုးမှုများအပြင် ဆောင်းသီးနှံနေကြာနှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်အတွက်ပြည်နယ်အစိုးရအဖွဲ့မှ မြေဩဇာနှင့်မျိုးကောင်းမျိုးသန့်များ ရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုသည့်အတိုင်းရေ
မြေဒေသနှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ရေးအတွက် စက်ယန္တယားလိုအပ်ချက်၊ စက်သုံးဆီလိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒေသခံနေကြာစိုက် တောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှု၊ လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူရရှိလိုမှုနှင့် သက်သာသည့် နှုန်းထားများဖြင့် ငှာရမ်းအသုံးပြုလိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးလိုမှု အခြေအနေများအား တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာသီးနှံ စိုက်ပျိုးခြင်းကွင်းသရုပ်ပြနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ၂၀၂၃-ခုနှစ်၊ မွန်ပြည်နယ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၁၉၉၈ ခုနှစ်ကစတင်ပြီး နှစ်စဉ် ဒီဇင်ဘာလပထမ ရက်သတ္တပတ် အတွင်း ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပလေ့ရှိပြီး ယခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ဆိုလျှင် (၃၅) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံး အိပ်ချ်အိုင်ဗွီပိုးရှိသူကို လွန်ခဲ့တဲ့ ဆယ်စုနှစ်(၃)ခုနီးပါးက စတင်တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်မှာ HIV/AIDS ရောဂါဟာ ပြည်သူလူထုတစ်ရပ်လုံး ကြားမှာ တစ်ပြေးညီကူးစက်ခံနေရတာ မဟုတ်ဘဲ ကူးစက်ရန်အန္တရာယ်များတဲ့ လူအုပ်စုများတွင် အဖြစ်များကြောင်း အိပ်ချ်အိုင်ဗွီ ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ တွေ့ရှိရကြောင်း၊ အကျိုးရလာဒ်အနေဖြင့် (၂၀၁၁)ခုနှစ်တွင် အိပ်ချ်အိုင်ဗွီပိုးရှိသူ လူနာ (၄)သောင်းခန့်ကိုသာ ART ဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလကုန်အထိ ရရှိထားသော စာရင်းဇယားများအရ လူနာ (၂)သိန်း(၁)သောင်းကျော်ထိ ကုသမှုပေးနိုင်ခဲ့ပြီး (၂၀၁၁)ခုနှစ်နှင့် နှိုင်းယှဉ်ပါက(၅)ဆအထိ တိုးမြှင့်ကုသပေးနိုင်ခဲ့ပါ‌ကြောင်း၊ ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Let Communities Lead” (အေအိုင်ဒီအက်စ် ကင်းဝေးရေး၊ ပြည်သူလူထုဦးဆောင်ပေး) နဲ့အညီ အိပ်ချ်အိုင်ဗွီကာကွယ် ကုသရေးဝန်ဆောင်မှုများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုပါဝင်သည့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကင်းဝေးသော အနာဂတ် ကိုဖော်ဆောင်ရန်ဦးတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာနာမှုစေတနာအဖွဲ့မှ တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ  ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ နှင့် ပတ်သက်သည့် ပညာပေးမေးခွန်းများ ဖြေဆိုသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ခန်းမအတွင်းခင်းကျင်းပြသထားသော ၂၀၂၃-ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ 

ဆက်လက်၍ ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းကော်မတီများ အလိုက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြုံပြုပေးပြီး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ပြည်နယ်တွင်လည်း လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံအလေးပြုပွဲ၊ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဂုဏ်ဆောင်ဆုချီးမြှင့်ပွဲ အခမ်းအနားများကိုအောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ငန်းကော်မတီအသီးသီးမှ ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များ ပေးစေလိုကြောင်းနှင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

You may also like