မော်လမြိုင် မတ် ၅
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေး၊ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၄ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်အိုးစတား ဘောလုံးအသင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


