Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မွန်ပြည်နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မွန်ပြည်နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

by admin

မော်လမြိုင်၊ မတ်  ၅

၂ဝ၂၅ ခုနှစ်၊ မွန်ပြည်နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ဆက်ကပ် လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့်လူပုဂ္ဂိုလ်တို့အား သာသနာဆိုင်ရေးရာ ဘွဲ့တံဆိပ်တော်များအားတပေါင်းလပြည့်နေ့၌မော်လမြိုင်မြို့ ပရိယတ္တိဓမ္မဗိမာန်တွင်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် ဆွမ်းခြောက်လောင်းလှူနနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ ကော်မတီအလိုက် လိုအပ်သည်များကို ဆွေးနွေး‌ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကော်မတီဝင်များမှ သက်ဆိုင်ရာ ကဏ္ဍ‌အလိုက် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများက ဖြ့ည်စွက်ဆွေးနွေး တင်ပြခဲ့ကြခဲ့ကြမှု အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

You may also like