Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်၊ မတ်   ၆

မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံးပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ လှုပ်ရှား ဆောင်ရွက်မှု အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ အခြေခံပညာမှ ကျောင်းသား ကျောင်းသူ များက စုပေါင်း၍ ပါဝင်ဆင်နွှဲကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း၌ ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသည့် “သနပ်ခါးပါးတို့”သည့် အလေ့အထသည် မြန်မာ့ သနပ်ခါးယဉ်ကျေးမှု ဓလေ့အဖြစ် တည်ရှိနေပါကြောင်း မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် လှိုင်ရပ်ကွက်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးရွာအချို့နှင့် ထုံးအိုင်ကျေးရွာတို့တွင် နိဗ္ဗာန်ဈေး အလှူများ ကျင်းပသည့်အခါ “သနပ်ခါးပါးတို့”သည့် အလေ့အထသည် ဒေသခံ ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲသည့် ဒေသဓလေ့ ဖြစ်ပါကြောင်း၊ ထို့အတူ မော်လမြိုင်မြို့ရှိ ရိုးဂိုးဘုရားပွဲ ကျင်းပချိန် သင်္ကြန်နှစ်ဆန်း တစ်ရက်နေ့တွင် “သနပ်ခါးပါးတို့” သည့်ဓလေ့သည် ယနေ့အထိ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည့် ရိုးရာဓလေ့ တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကို တင်သွင်းရန် ဆောင်ရွက်နေသည့် အချိန်ကာလတွင် ယခုကဲ့သို့ အာလုံး စိတ်အား ထက်သန်စွာ အတူတကွ ပူးပေါင်း  ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်   မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Video Clip ကိုပြသပြီး မော်လမြိုင်ပညာရေး ဒီဂရီ ကောလိပ်ယိမ်းအဖွဲ့၊ မော်လမြိုင် သူနာပြု သင်တန်း ကျောင်း ယိမ်းအဖွဲ့၊ မော်လမြိုင် သားဖွား သင်တန်းကျောင်း ယိမ်းအဖွဲ့၊ မော်လမြိုင် တက္ကသိုလ်ယိမ်း အဖွဲ့တို့က မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့နှင့် ပတ်သက်သည့်  တေးသီချင်းများ၊ သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ကြည့်ရှုအား‌ပေးကာ ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ သနပ်ခါး ယဉ်ကျေးမှုဓလေ့နှင့် ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှုအဖြစ် အခမ်းအနား တက်ရောက်လာကြသူများ၏ မြန်မာ့သနပ်ခါးလိမ်းခြယ်မှု အစီအစဉ် ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

You may also like