မော်လမြိုင်၊ မတ် ၇
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ယနေ့ နံနက်ပိုင်းက၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး(ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် အသက် ၅၀ နှင့် အထက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး(ကုတင်၅၀၀)၌ ဆောင်ရွက်ပေးနေမှု အပေါ်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် ၅၀ နှစ်အထက် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆေးကုသပေးသောအထူးကု ဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဆေးကုသမှုခံယူကြမည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို နိုင်ငံဝန်ထမ်း အငြိမ်းစားများ (လစဥ်)အပါအဝင် ကျေးလက်နေ ဒေသခံပြည်သူများကိုလည်း အခမဲ့ ကွင်းဆင်းကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။


