Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့် မြေပြင်လူဦးရေ စိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း အစည်းအဝေးတက်ရောက်                   မော်လမြိုင် မတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့် မြေပြင်လူဦးရေ စိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း အစည်းအဝေးတက်ရောက်                   မော်လမြိုင် မတ်

by admin

 မော်လမြိုင် မတ်

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ​ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းကချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမ၌ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့် မြေပြင်လူဦးရေ စိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း အစည်းအဝေးသို့ဆက်ရောက်ရာ ဦးစွာ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်မှ အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်  ဖြစ်​စေရေးအတွက် အဓိကကျသည့် လက်ရှိဆောင်ရွက်လျက်ရှိသော မဲစာရင်းမှန်ကန် စေရေးအား ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊မြေပြင်ကွင်းဆင်းကောက်ယူထားသော လူဦးရေစာရင်းများအား လက်ရှိအခြေအနေနှင့် ကိုက်ညီမှန်ကန်စေရေး ပြန်လည်စစ်ဆေးနိုင်ရန် အတွက် လစ်လပ်နေသော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဆောလျင်စွာ ခန့်ထားနိုင်ရေးဆောင်ရွက်သွားရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးရဲရင့်ထွန်းက မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင် စိစစ်ခြင်းနှင့် မြေပြင်လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေး အတွက် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

You may also like