Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မုဒုံမြို့နယ်၊ ကမာဝက်​မြို့ရှိ ရွှေကျင်ဂိုဏ်းချုပ်၊ ရတ္တညူမဟာနာယက၊ကျိုက်တမော့တောင်ပေါ် ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညို

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မုဒုံမြို့နယ်၊ ကမာဝက်​မြို့ရှိ ရွှေကျင်ဂိုဏ်းချုပ်၊ ရတ္တညူမဟာနာယက၊ကျိုက်တမော့တောင်ပေါ် ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညို

by admin

မော်လမြိုင် မတ် ၈

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝ​န်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ်၊ ကမာဝက်​မြို့ရှိ ရွှေကျင်ဂိုဏ်းချုပ်၊ ရတ္တညူမဟာနာယက၊ ကျိုက်တမော့တောင်ပေါ် ကျောင်းတိုက်သို့ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့်  ကျိုက်တမော့တောင်ပေါ် ကျောင်းတိုက် ၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ကျင်းပနိုင်ရေးအတွက် သာသနာရေးဆိုင်ရာများလျောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ကျိုက်တမော့တောင်ပေါ် ကျောင်းတိုက် ၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်သည်၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်​နေ့ နံနက် ၁၁:၃၀ နာရီအချိန် တွင် ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကိုမတ်လ ၉ရက်နေ့၌ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ စျာပနကွင်း၌  အန္တိမအဂ္ဂိဈာပနမီးသဂြိုလ်ပူ​ဇော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်

You may also like