Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

by admin

​မော်လမြိုင်မတ်၁၆                                                                    ​​မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းမှာပြုလုပ်တဲ့ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကိုယ​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အသိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ဂေါက်သီးရိုက်အားကစားသမားများတက်ရာက်ကြသည်။ရှေးဦးစွာပြည်နယ်ဝန်ကြီချုပ်က

မွန်ပြည်နယ်အနေနဲ့ ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ဂေါက်သီးရိုက်အားကစားဟာ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုတွေရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နဲ့နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ် အလေ့အထကို ရရှိစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်၍မျိုးဆက်သစ် ဂေါက်သီးရိုက်အားကစားများတွေကို ဂေါက်သီးရိုက်အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို စနစ်တကျ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးကာ ပြည်နယ်ရဲ့ ဂေါက်သီးရိုက်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်က လိုအပ်တာတွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေနဲ့ အနယ်နယ်အရပ်အရပ်က  အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဂေါက်သီးရိုက်အားကစားသမားအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ထို့နောက်(၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို smoke ball ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားတွေရဲ့ ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ ကြောင်းသိရှိရသည်။အဆိုပါပြိုင်ပွဲသို့ မွန်ပြည်နယ် ကရင်ပြည်နယ်မှ ဂေါက်သီးရိုက်အားကစားသမားဂေါက်သီးရိုက်အားကစားသမား (၁၇ဝ)ဦးဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသိရသည်။

You may also like