Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်  မတ်   ၂၄

မွန်ပြည်နယ်၊ ၂၀၂၅ခုနှစ် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းကိုဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေး ပိုမိုပြည့်ဝသည့် ဆရာ ၊ ဆရာမများအားမွေးထုတ်ပေးရန်၊ ဆရာ ၊ ဆရာမများ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ ရရှိစေရန်၊ဆရာ၊ဆရာမ များသည် စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်းများ ရရှိလာခြင်း ၊ ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝ၍ အခြေခံကျောင်းများတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆရာများဖြစ်လာပြီး ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မား တိုးတက် လာစေရန် စသည့်အကျိုးကျေးဇူးများရရှိစေမှာဖြစ်ကြောင်း၊မွန်ပြည်နယ်အခြေခံပညာရေးကဏ္ဍ၌  ပညာရေးဆိုင်ရာဒီပလိုမာသင်တန်း မတက်ရသေးသော၊အထက်တန်းပြ(၁၀၆၀)ဦး၊ အလယ်တန်း ပြ (၆၂၀) ဦး ၊ ဒု-အလယ်တန်းပြ(၁၅၈၆)ဦး လ/ထ အလယ်တန်းပြ(၂၆)ဦး ၊ မူလတန်းပြ (၈၅၈) ဦး ၊ ဒု-မူလတန်းပြ (၁၂၃၂)ဦး ၊ လ/ထမူလတန်းပြ (၃၃၄၃) ဦးရှိပြီး စုစုပေါင်းဒီပလိုမာ သင်တန်းမတက်ရောက်ရသေးသူ (၈၇၂၅)ဦး ရှိနေကြောင်း ၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများမှ ဒီပလိုမာသင်တန်းသို့ တက်ရောက်ကြမည့် ဆရာ၊ ဆရာမ များသည်  ကျောင်းသားကျောင်းသူများ၏ သင်ကြား သင်ယူမှု အရည်အသွေးမြင့်မား တိုးတက်လာစေမှာ ဖြစ်တဲ့အတွက် ဆရာ၊ဆရာမများအနေဖြင့် စေတနာထား ဝိုင်းဝန်းကြိုးစားဆောင်ရွက် ပေးကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းကို သင်တမ်းသား၊ သင်တန်းသူ(၁၀၀၀)ဦးဖြင့် မတ်လ ၂၄ရက်နေ့မှ ​မေလ ၃ဝ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

You may also like