Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

by admin

မော်လမြိုင်  မတ်    ၂၉                                       
မွန်ပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ အဖွဲရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ မွန်ပြည်နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နေရပြီး သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေအများဆုံးစာရင်းထဲတွင် ပါဝင်နေကြောင်း၊ သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာမည်ဖြစ်ပြီး တစ်ဦး တစ်ဖွဲ့တည်းဖြင့်မဟုတ်ဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်သည် အဖျက်စွမ်းအား လွန်စွာကြီးမားပြီး ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိဘဲ အချိန်မရွေး ဖြစ်ပွားနိုင်ကာ ပျက်စီးဆုံးရှုံးမှု ကြီးမားကာ နောက်ဆက်တွဲဘေးများလည်း ရှိသောကြောင့် အားလုံးဂရုပြုပြီး ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည့်အပြင် သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုထံသို့ အသိပညာပေး ဆောင်ရွက်ခြင်းမှာ အလွန်အရေးကြီးပြီး ပြည်သူလူထုအနေဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပါက ဆုံးရှုံးမှုများ လျော့နည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ထိုနောက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၁၁) ခု၏ အတွင်းရေးမှူးများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင် ပြမှုအပေါ် ပြည်နယ် ဝန်ကြီးများက သုံးသပ်ဖြည့်စွက် တင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနတွင်မော်လမြိုင် ခရိုင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(၃၅)ဦးမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့်စုဖွဲ့ထားရှိမှုနှင့်တာဝန်ပေးအပ်လာပါကအသင့်အနေထားဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။ 

You may also like